"ရှန်းရှန်း..သမီးရဲ့အသုံးမကျတဲ့အဖေဆီကဘာတစ်ခုမှ မသင်ယူနဲ့..သူကဘဝမှာလုပ်ချင်ရာလုပ်နေတာ.."
ဟော်ရှောင်းကလင်ရှန်းချစ်ခင်စွာကြည့်လိုက်သည်။
တစ်ဘက်ကိုပြန်လှည့်လိုက်တော့ဖုန်းကြည့်နေတဲ့သူ့သား ကိုကြည့်ပြီးဒေါသထွက်ကာကန်ထုတ်လိုက်သည်။
"အဖေ..ဘာလုပ်တာလဲ?" ဟော်ချီကဆွံ့အသွားသည်။
"မင်းအရွယ်ကဖုန်းနဲ့ကစားနေရမယ့်အရွယ်လား?မင်းကလူကြီးဖြစ်နေပြီ! ဘာလို့ဒီအဖိုးကြီးစကားပြောနေတာကို သေချာနားမထောင်နေတာလဲ?"
"ဖုန်းမှာအရေးကြီးတာကြည့်တာပါ!ကစားနေတာမဟုတ် ဘူး!"
ဟော်ချီကမသိအောင်အံကြိတ်ရင်းဖုန်းကိုပြန်ချလိုက်၏ အဲဒိ့ငနဲမလေးက..သူ့အတွက်ဘူကောင်မလေးပဲ..လုံး၀ ကိုချစ်ခင်စရာတစ်ကွက်မှမရှိဘူး။
လင်ရှန်းကသူမအဖေကိုလှောင်ပြောင်ချင်ပေမယ့်စာနာတဲ့ အကြည့်နဲ့သာပြန်ကြည့်လိုက်သည်။
ဟော်ချီကလင်ရှန်းကိုမီးတောက်သလိုမျက်ဝန်းတွေနဲ့ခြိမ်း ခြောက်သလိုကြည့်လိုက်သည်။
"ငါနဲ့လိုက်ခဲ့" ဟော်ရှောင်းကမတ်တပ်ရပ်ပြီးသူ့ရဲ့အသုံး မျက်တဲ့သားကိုအလိုမကျစွာကြည့်လိုက်သည်။
လင်ရှန်းကစာကြည့်ခန်းထဲဝင်သွားတဲ့သားအဖကိုကြည့် ပြီးရှောင်းချီကိုချောင်းနားထောင်နေဖို့ပြောလိုက်သည်။ အထဲမှာရိုက်ဟယ်နှက်ဟယ်ဖြစ်ရင်သူမကိုသတိပေးဖို့ ဖြစ်သည်။
အဲဒိ့နောက်သူမကအဖွားနဲ့အနဲ့မီးဖိုချောင်ဝင်ကာချက် ပြုတ်လိုက်သည်။
နာခံမှုအပြည့်ရှိတဲ့လင်ရှောင်းချီကစာကြည့်ခန်းတံခါးဆီ သွားကာအသာခိုးပြီးသွားနားထောင်နေသည်။ဒီလိုမျိုးလုပ်တာက သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်ပြီး ရှာေတွေ့သွားမှာကို ကြောက်ရွံ့ကာစိတ်လှုပ်ရှားပြီးသူ့မျက်နှာငယ်လေးက နီမြန်းလာသည်။
တခါးရွက်ကိုနားနဲ့တင်းတင်း ဖိမိလျှင် တံခါးနောက်မှ အသံများ ကို ကြားနိုင်သည်။
"ရှောင်းချီအဖေဘယ်မှာလဲ?"
"သားမသိဘူး..."
"မင်းမသိဘူး?ငါ့မြေးမလေးကိုဘယ်လိုလူယုတ်မာကောင် ကလာထိရဲလဲဆိုတာကိုမင်းမသိဘူးလား!အခုသူမမှာက လေးတစ်ယောက်ရှိနေတယ်။မင်းမသိရင်ငါ့ဘာသာစုံစမ်း မယ်!"
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...