unicode
သို့ပေမယ့်ပိုင်ကျင်းဖန်ရဲ့ပင်ကိုယ်စရိုက်တဖြေးဖြေးပေါ်လာတယ်။ အရင်ကဘဝတူတဲ့လူကသူမထက်တစ်နေ့ ထက်တစ်နေ့ပိုမြင့်လာတာမြင်တော့မနာလိုစိတ်က ကျိုးကြောင်းဆီလျော်မှု ပျက်ပြားသွားကာ သူမကို ဆန့်ကျင်ဖို့ ကြံစည်နေတော့သည်။
သူမကအမွှေးအိတ်မှာအဆိပ်ထည့်ပီး ရှောင်းဝမ်ကျင်းကို နှစ်ကြိမ်ကိုယ်ဝန်ပျက်စေခဲ့ကာသေလုနီးပါးထိဖြစ်စေခဲ့ သည်။
သူတို့ရဲ့သစ္စာရှိတဲ့အစ်ကိုဟဲရီကိုလဲသတ်ခဲ့တယ်..ထိုလူ ကသူမတို့နဲ့အတူသေအတူရှင်မကွာအန္တရာယ်တွေကြားမှာဖြတ်ကျော်ခဲ့ပြီး..သူမတို့နန်းတွင်းဝင်တော့မိန်းမစိုးနေ ရာယူခဲ့ကာနန်းတွင်းမှာသူမတို့ကိုဆက်ပြီးကာကွယ်ပေး နိုင်ဖို့ကြိုးစားခဲ့သူဖြစ်သည်။။
သူမကရှောင်းဝမ်ကျင်းအသက်လုပီးမွေးခဲ့တဲ့ယော်ကျား လေးနဲ့မိန်းကလေးအမွှာနှစ်ယောက်ကိုတောင်သတ်ခဲ့ သည်။
နောက်ဆုံးမှာတော့ သူမရဲ့ မကောင်းမှုမှန်သမျှကိုဖော် ထုတ်ခံရပီးခေါင်းနဲ့ ခြေလေးချောင်းကိုနွားနဲ့ ကြိုးဆွဲကာခန္ဓာကိုယ်ကို တစစီ ဖြစ်စေခဲ့တဲ့ပြစ်ဒဏ်နဲ့ သနားစရာကောင်းတဲ့ ဘဝကို အဆုံးသတ်စေခဲ့ပါတယ်။
ရိုက်ကွင်းမှာဧကရာဇ်နေရာကသရုပ်ဆောင်တဲ့မင်းသား ကုရှန်း..တော်ဝင်ကြင်ယာတော်ရှောင်းဝမ်ကျင်းနဲ့ချစ် ကြည်နူးတစ်တီတူးနေတဲ့အခန်းကိုရိုက်ကူးနေသည်။
နောက်အခန်းကပိုင်ကျင်းဖန်ကအဆိပ်ပါတဲ့အမွှေးအိတ် နဲ့ရှောင်းဝမ်ကျင်းဆီသွားကာညီအစ်မချင်းဂရုစိုက်မှုကို ပြသရမှဖြစ်သည်။
ကုရှန်းကသူနားကိုဖြတ်သွားရင်းသူမကိုအေးစက်စွာကြည့် လိုက်သည်။
အဝါရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့်အဆိုပါအမျိုးသား သည်အပြစ်အနာအဆာ ကင်းစင်သော မျက်နှာအသွင် အပြင်ရှိသည်။သူမှာချုပ်ကိုင်လွှမ်းမိုးနိုင်တဲ့အရှိန်အဝါနှင့် နှစ်လိုဖွယ်လေထုပေါင်းစပ်ထားပြီးသူ့ပုံရိပ်နဲ့ချောမောမှုကလက်ရှိဖျော်ဖြေရေးအသိုင်းအဝိုင်း မှလူငယ်ခြေတက် အများအပြား ကို အနိုင်ယူ ခဲ့သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...