Chapter 72 - U/Z

1.7K 180 1
                                    

ထိုကင်မရာမင်းနဲ့ခပ်၀၀မိတ်ကပ်ပညာရှင်ကမကြာသေး ခင်ကငြိသွားခဲ့တယ်။အဲဒါကိုရိုက်ကူးရေးအဖွဲ့တွေသိသွားမှာသူတို့ကစိုးရိမ်ခဲ့ကြသည်။

ရိုက်ကွင်းနေရာပြောင်းပြီးနောက်မှာသူတို့ကရိုက်ကွင်းနေ ရာနဲ့သိပ်မဝေးတဲ့နေရာကအဆောက်အဦးအချို့မှာညနေ သွားချိန်းတွေ့တာတော့လင်ရှန်းကိုအမှတ်မထင်တွေ့ခဲ့ရ သည်။

"သူမပဲဖြစ်မှာပဲ..."

"ဟုတ်ပါ့..."

"သူမဒုတိယအကြိမ်ထပ်လုပ်ဖို့မမျှော်လင့်ထားမိဘူး။ဘာလို့ဒီလောက်သတ္တိတွေကောင်းနေတာလဲ"

"ဘယ်လောက်ဆိုးယုတ်တဲ့စိတ်လဲ..ဒီလောက်အရှက်မရှိတဲ့လူကရှိသေးတာလား?"

ရုပ်ရှင်အဖွဲ့သားများရဲ့တိုးတိုးကြိတ်ကြိတ်အသံတွေထွက် လာကြပီးသူမတို့စကားလုံးအားလုံးကလင်ရှန်းကတရားခံ ဆိုတာကိုဆုံးဖြတ်ထားပြီးသလိုသူမကိုဦးတည်နေကြတာ ဖြစ်သည်။

"ငါလဲမနေ့ညနေကလာတယ်လေ..ဘာလို့င့ါကျတော့ နင်တို့မပြောကြတာလဲ?" ဝမ်ရှီခန္ဓာကိုယ်ကဒေါသနဲ့တုန် ယင်နေပြီးအားလုံးကိုကြည့်ကာဆူပူလိုက်သည်။

တွင်းတူးပြီးပြီလို့ဖုန်းဆက်တော့သူကလော့ရှင်းကဘယ် နေရာလောက်မှာနေရင်ရိုက်ကွက်ပိုအဆင်ပြေမလဲဆိုတာကိုကြည့်ဖို့လာခဲ့တာဖြစ်သည်။

အားလုံးကတိတ်ဆိတ်သွားပေမယ့်..လင်ရှန်းဆီကိုဓါးလိုထက်ရှတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတုန်းဖြစ်သည်။

"လင်ရှန်း..မင်းပြော" ဝမ်ရှီကသူမကိုကြည့်လိုက်သည်။

"မနေ့ညနေကကျွန်မဖုန်းကကီးချိန်းပျောက်သွားလို့လိုက် ရှာနေခဲ့တာပါ" လင်ရှန်းကရှင်းပြရင်းရှန်ကျားရန်ဘက်ကို တစ်ချက်ကြည့်လိုက်သည်။

"ဖုန်းကီးချိန်း?" ကုရှန်းကဒေါသနဲ့မတ်တပ်ထရပ်လိုက်၏ သူမရဲ့ခပ်မဲ့မဲ့လှောင်နေသလိုမျက်နှာကိုကြည့်ရင်း..

"အရမ်းကောင်းတဲ့ဆင်ခြေပဲ..ကီးချိန်းပျောက်တာလေးကို နင်အသစ်မဝယ်နိုင်ဘူးလား?"

"ငါအရမ်းကြိုက်လို့လေ..ဘာလို့နောက်တစ်ခုဝယ်ရမှာလဲ?" လင်ရှန်းကဖုန်းကိုမြှောက်ပြပြီးအားလုံးကိုပြလိုက် သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now