Chapter 68 - U/Z

1.8K 185 1
                                    

စုရှီရန်ကမယုံပေမယ့်ဖိအားမပေးဘူးသူမကနူးညံ့စွာပဲ

"သမီးအဖေကဘာလုပ်ချင်တာတဲ့လဲ?ဘာလို့အဖွားတို့ သမီးတို့ပတ်သတ်မှုကိုမဖော်ထုတ်နိုင်တာလဲ?"

"အဖွား..အဲဒိကိစ္စကအတော်ကိုရှုပ်သွားနိုင်တယ်..သမီးလဲ သေချာမရှင်းပြတက်ဘူး"

"ဘာလို့သေချာမရှင်းပြတက်ရမှာလဲ?သမီးကအလုပ်ထိ ခိုက်မှာစိုးလို့လား။ဒါပေမယ့်သမီးအလုပ်ကိုအရမ်းစဉ်းစား နေရင်တစ်ဘက်မှာရှောင်းချီကိုခံစားရစေလိမ့်မယ်!"

"အဖွားသမီးအဲလိုစိတ်မရှိပါဘူး..ဒါပေမယ့်သင့်လျော်တဲ့အချိန်တစ်ခုကိုစောင့်ချင်သေးတယ်"

"သင့်လျော်တဲ့အချိန်ကဘယ်အချိန်လဲ?ဘယ်အချိန်ကမှ သင့်တော်တာဖြစ်လာမှာလဲ?"

"ဖွားဖွာ..ရှောင်းချီကမခံစားရပါဘူး။ရှောင်းချီကအခုအနား မှာ မာမီ, အဖိုး နဲ့ဖွားဖွားရှိနေတာကိုအများကြီးပျော်တယ်"

စုရှီရန်ကနာကျင်စွာရှောင်းချီကိုပွေ့ထားလိုက်သည်။.. ဒီကလေးလေးကအရမ်းချစ်ဖို့ကောင်းပီးအရမ်းသိတက် တယ်။ချီအာငယ်ငယ်တုန်းကအတိုင်းပဲ။သူမကသက်ပြင်းချရင်း.."သမီးအဖေကသမီးကိုတားထားတာဆိုရင်..သမီး အဖေပြန်လာရင်အဖွားသူနဲ့ပြောမယ်"

လင်ရှန်းကခေါင်းအမြန်ညိတ်လိုက်ပီး..

"ဟုတ်ကဲ့..အဖွားသူနဲ့ပြောလိုက်ပါ..."

စုရှီရန်ကဒေါသနဲ့ရယ်လိုက်ရင်း.."ငါသိသားပဲ..အဲဒါအဲဒိ့ ကောင်ကြောင့်ဖြစ်မယ်ဆိုတာ"

လင်ရှန်းအစကတော့ရိုက်ကွင်းကိုပြန်မလို့ပဲဒါပေမယ့်ဒါ ရိုက်တာဝမ်ရှီသူမကိုဖုန်းဆက်တယ်။သူမနဲ့အတူရိုက်ရ မယ့်ရှန်ကျားရန်ကခွင့်ယူတာမို့သူမပြန်လာဖို့မလိုတော့ဘူးဆိုပြီးတော့။

လင်ရှန်းကသူမအပြင်သွားစရာရှိတယ်ဆိုပြီးစုရှီရန်ကို.. ရှောင်းချီနဲ့ထားခဲ့ကာအင်တာနက်ဆိုင်ကိုဦးတည်လိုက် သည်။ဆေးလိပ်မီးခိုးတွေက အင်တာနက် ကဖီးမှာ ပြည့်နေတယ်။

လင်ရှန်းကအခုမှတက်သစ်စဆိုပေမယ့်မမျှော်လင့်ဘဲထပ် ပီးပြသနာဖြစ်မှာစိုးလို့မျက်မှန်နဲ့Mask ကိုလက်နက်ပြည့် တပ်ဆင်ထားသည်။သူမကအဲဒိ့မှာ 'King' ဆိုတဲ့ဟက်ကာ ကိုလာရှာတာ။သူကသူမပရိတ်သတ်လို့ပြောတယ်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now