Chapter 14-U/Z

2.3K 261 3
                                    

unicode

ထိုအရှိန်အဝါနဲ့အေးစက်မှုကသူ့အရိုးတွေဆီကနေလာ တယ်လို့တောင်ထင်မိသည်။

"လင်မိိန်းကလေး..မင်းကအရေးကြီးကိစ္စတွေတောင် လွယ်လွယ်မေ့တက်တဲ့ မိန်းကလေးတစ်ယောက်ပဲ"

ဓါးသွားကဲ့သို့ ပါးလွှာသော သူ့နှုတ်ခမ်းများမှ ထွက်ပေါ် လာသော အသံသည် ခံစားချက်ကင်းမဲ့နေသည်။ သူက လင်ရှန်းရှေ့တွင် ဖိုင်တစ်ခုကို ပစ်ချလိုက်သည်။

ထိုလူလက်သည်းများကလုံးဝန်းပြီး သပ်သပ်ရပ်ရပ် ညှပ် ထားသည်။သူ့လက်ချောင်းများကတိကျသပ်ရပ်ပြီး သွယ်လျသော ပုံစံရှိပြီး သူ့အသားအရည်မှာခပ်ဖျော့ ဖျော့ဖြစ်နေသည်။

သူ့မှာ လှပတဲ့ လက်တစ်စုံရှိတယ်။

ဖိုင်ထဲမှာ စာချုပ်တစ်ခုရှိတယ်။

လင်ရှန်းကဖတ်ပြီးကြောင်အသွားသည်။

မူလလင်ရှန်းကအထင်ကြီးစရာပဲ..သူမကဘယ်တုန်းက ကျွင်းရှီရန်နဲ့တွေ့ခဲ့တာလဲ?

သူမမှတ်ဉာဏ်ထဲမှာမရှိနေဘူး။ ရုတ်တရက်သူမကမယုံ နိုင်စွာနဲ့မေ့ကြည့်လိုက်ပြီး..

"ရှင်ကကျွင်းရှီရန်လား!"

ဒီစာအုပ်ထဲမှာ..ကောက်ကျစ်တဲ့ကိုယ်ရည် ကိုယ်သွေးရှိ ပြီးရက်စက်ကြမ်းကြုတ်..အမြင်ကျဉ်းမြောင်းပြီး၊ကျန်းမာ ရေးအားနည်းကာလိင်ကိစ္စမစွမ်းဆောင်နိုင်တဲ့ဇာတ်ပို့ လား?

ကြောက်မက်ဖွယ်ရုပ်ရည်ရှိတယ်?

ဒါ့ကြောင့်သူကမျက်နှာဖုံးဝတ်ထားတာလား။

ထိုလူဆီမှာကောက်ကျစ်ယုတ်မာတဲ့အငွေ့အသက်မျိုး သူမ...မခံစားရဘူး။

သူကအေးစက်ပြီးစိမ်းသက်နေတာကိုတောခံစားမိတယ်။

လင်ရှန်း၏ မျက်လုံးများတွင် ရှုပ်ထွေးသော စိတ်ခံစား မှုများ စတင် ပေါက်ဖွားလာခဲ့သည်။ အသက်ရှင်ရန် နှစ်နှစ် သာ လိုတော့သော ယောက်ျားကို ကြည့်ရင်း၊ သူမသည် သူ့အတွက် နားမလည်နိုင်သော သနားကြင်နာမှု ခံစား လာရတော့သည်။

သူကမသန်စွမ်း၊သစ္စာဖောက်တစ်ယောက်ဖြစ်ပြီးကောက် ကျစ်တဲ့လူတစ်ယောက်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now