Chapter 89 - U/Z

1.6K 178 0
                                    

[ကျွင်းလင်-ထာဝရ: တစ်ခါကငါကပန်းလေးကိုငါ့ထက် လှတဲ့လူရှိလားလို့မေးဘူးတယ်။သူက ငါ့ထက် ပိုလှတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်လို့ဖြေခဲ့တယ်။

တခါက စီးဆင်းနေတဲ့ ရေကို ငါ့ထက် ဘယ်အရာက ပိုသွက်လဲလို့ မေးတယ်။ စီးဆင်းနေသောရေကဆွဲ ဆောင်မှုရှိပြီးသီချင်းဆိုနိုင်တဲ့မိန်းကလေးတစ်ယောက် ရှိတယ်လို့ပြောခဲ့တယ်။

တိမ်တွေကို မေးဖူးတယ် ချည်သကြားလုံးက ငါ့လို နူးညံ့ ပြီး မွှေးနေတာလားလို့? တိမ်တွေက ငါ့ထက် နူးညံ့ပြီး ချိုသာတဲ့ နွေးနွေးထွေးထွေး အပြုံးလေးနဲ့ မိန်းကလေး တစ်ယောက် ရှိတယ်လို့ ပြောခဲ့တယ်။

နေမင်းကြီးကိုငါ့ထက်ပိုတောက်ပတဲ့အရာရှိလားလို့မေး ခဲ့တယ်။ သူက ပုလဲလိုတောက်ပမှုမျိုးနဲ့ပါရမီရှင်ကောင်မ လေးတစ်ယောက်ရှိတယ်လို့ပြောခဲ့တယ်။

ဒါဆို..အဲဒိ့..အဲဒိ့သော..ပန်း၊ နေ၊ တိမ်၊ ရေကညွှန်းတဲ့သူ ကဘယ်သူလဲ..

Peanuts လေးတွေရဲ့အဖြေက: လင်ရှန်း!]

ဆယ်မိနစ်ကြာတော့..

သူမထီပေါက်ခဲ့တယ်!

[ကျွင်းလင်]: ဂုဏ်ယူပါသည်၊ သင်သည် ဇိမ်ခံဥရောပခရီး စဉ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ ကျေးဇူးပြု၍ ကျွန်ုပ်အား သီးသန့်မက်ဆေ့ချ်တစ်ခု ပေးပို့ပါ။ ကျေးဇူးတင်ပါတယ်။

ကျွင်းလင်ရဲ့တုန့်ပြန်မှုကိုရတော့လင်ရှန်းကအိုင်ဒေါလက်မှတ်ရလိုက်တဲ့ဆယ်ကျော်သက်လေးလိုရင်ခုန်စိတ်လှုပ် ရှားသွားသည်။

သူမစိတ်ကိုငြိမ်အောင်ထားရင်းထပ်ပြီးစ, လိုက်သည်။

[ကျွင်းရှန်း] : ဒါပေမယ့်မောင်လေး..အစ်မနဲ့အတူရှု ခင်းကြည့်ဖို့ဘယ်သူမှမရှိလို့မောင်လေးအဖော်လိုက် ပေးနိုင်မလား? "

[ကျွင်းလင်]: သူငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တစ်ဦးကို ခေါ်လို့ရပါတယ်။

[ကျွင်းရှန်း] : တစ်ယောက်မှမရှိလို့ပါ။မင်းနဲ့အတူဒီဆုကို ခွဲယူချင်လို့မရဘူးလား? ဥရောပအပန်းဖြေခရီးစဉ်မှာငါ မင်းကိုအကောင်းဆုံးအေးချမ်းတဲ့ခရီးစဉ်ဖြစ်စေမှာပါ"

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now