လင်ရှန်း ကသူမလက်ကောက်ဝတ်ကိုသူ့လက်တွေကြား ကလွတ်အောင်ရုန်လိုက်ပီးမျက်ခုံးတွန့်ထားကာ..
"ဒီကလူကြီးမင်း..တစ်ခုခုမှားနေတာလား..ကျွန်မရှင့်ကိုထိ တောင်မထိမိဘူး"
ဟော်ဟွမ်ကျိုးကသူမကိုပြုံးကြည့်လိုက်သည်။
အဲဒိ့နောက်သူကသူ့အကျီကုတ်ထဲကဗူးတစ်ခုကိုယူကာဟန်းချိန်းကိုထုတ်ပြီးမြစ်ထဲပစ်ချလိုက်ပီး.. "ငါ့ရဲ့ Nine-Eye Dzi Bead လက်ကောက်က အမေရိကန်ဒေါ်လာ ၂၅ သန်း တန်ကြေးရှိတယ်။ မင်းငါ့ကို ဘယ်လို ပေးဆပ်ဖို့ ရည် ရွယ်ထားလဲ"
"ရှင်ဇာတ်လမ်းဆင်တာကခေတ်နောက်ကျလွန်းတယ်"
လင်ရှန်းက အေးစက်စွာ ပြုံးလိုက်သည်။
ဒါပေမယ့်အဲဒိ့လူမျက်လုံးထဲမှာဆိုးယုတ်မှုကိုသူမတွေ့ခဲ့ရ ပြီးသူမကိုရွံရှာသလိုစိုက်ကြည့်နေတာကိုခံစားမိသည်။
ဒီလူရဲ့ရည်ရွယ်ချက်ကသူမကိုချဉ်းကပ်ဖို့ဟုတ်ပုံမရဘူး။ သူကသူမကိုတမင်ချောက်ချချင်နေတာ!
"တခြားလူပစ္စည်းကိုဖျက်စီးပြီးပြန်မလျော်နိုင်ဘူးလား?"
ဟော်ဟွမ်ကျိုးအသံကပိုကျယ်လောင်လာသည်။
"မိန်းကလေး..ငါအဲဒိ့ဟန်းချိန်းကိုငါ့အဖိုးမွေးနေ့မှာလက် ဆောင်ပေးဖို့ဝယ်ထားတာ!"
တမင်ထောင်ချောက်ဆင်အကွက်ချဖို့ကြံနေတာကိုသိ တော့လင်ရှန်းကအေးစက်စွာရယ်မောလိုက်ပီး..
"ပြီးတော့ ရှင်ကျွန်မရဲ့..ဒေါ်လာ သန်း ၁၅၀ တန်တဲ့ .. Palpitate ကို မြစ်ထဲကို ချလိုက်တာကိုရှင်ဘယ်လို ပြန် လျော်ပေးမှာလဲ"
ဒါတမင်လိမ်လည်ပြီးချောက်ချတာမဟုတ်လား?ဘယ်သူကရောသူ့လိုမလုပ်တက်လို့လဲ?
Palpitate သည် ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်း၏ အိပ်မက် ဖြစ်သည့် အဖိုးမဖြတ်နိုင်သော ပန်းရောင်စိန်လက်စွပ်ဖြစ် သည်။
မြစ်ထဲကိုဆင်းပြီးဘယ်သူမှအဲဒါကိုဟုတ်မဟုတ်ရှာမှာ.. မဟုတ်တာမို့သူမလိမ်နေလဲဘယ်သူသိမှာလဲ။
မြစ်ထဲဆင်းပြီးရှာလို့မတွေ့လဲသူမလိမ်နေပါတယ်ဆိုတာ ကိုဘယ်လိုသက်သေပြနိုင်မှာလဲ?
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...