Chapter 3 - U/Z

3K 307 1
                                    

unicode

လင်ရှန်းကသူအဖေနဲ့တွေ့ပီးတော့မှသူမအဖေဆိုတဲ့ ဟော်ချီကရုပ်ရှင်ဘုရင်ဟော်ချီဆိုတာကိုသိခဲ့ရသည်။

ကျေးလက်မှကလေးများကစူပါစတားများနှင့် ဖျော်ဖြေရေး နယ်ပယ်မှာကျော်ကြားတဲ့လူတွေဖြစ်ဖို့အိမ်မက်မက်တက် ကြတယ်။တကယ်လို့လင်ရှန်းကဖျော်ဖြေရေးအသိုင်းအ ဝန်းသို့ဝင်ရောက်လိုပါကဟော်ချီကိုအကူအညီတောင်းလို့ ရနိုင်သည်။

ဘာပဲဖြစ်ဖြစ်အမြှောက်စာဇာတ်ပို့ဖြစ်တဲ့ လင်ရှန်းမှာ.. ကောက်ကွေ့တဲ့စိတ်မရှိရင်..သူမကအဲဒိ့နေရာမှာဘယ်ရှိ နေပါ့မလဲ။

ဟော်ချီကသူမကိုဖျော်ဖြေရေးနယ်ပယ်ကိုဝင်ဖို့မကူညီ ဘူးလို့ငြင်းတော့သူမကသူတို့ပတ်သတ်မှုကိုထုတ်ဖော် မယ်လို့ခြိမ်းခြောက်ခဲ့တယ်။

ဟော်ချီကသူမကိုဖော်ထုတ်ခွင့်မပေးနိုင်ပေ။ငယ်ရွယ်စဉ်အခါကလုပ်ခဲ့သော အမှားကိုထုတ်ဖော်ရန်မဝံ့ရဲခဲ့ပေ။ ထိုအကြောင်းကို လူအများသိပါက၊ စာရိတ္တပိုင်းဆိုင်ရာ ဝေဖန်မှုများနှင့် တစ်သက်တာလုံးထိန်းသိမ်းလာခဲ့တဲ့ ဂုဏ်သိက္ခာတွေပျက်စီးသွားလိမ့်မည်။

ဟော်ချီကအဆက်အသွယ်အချို့သုံးကာရေပန်းစားနေ တဲ့ဇာတ်လမ်းမှာတတိယမင်းသမီးနေရာကိုပေးခဲ့တယ်။

ဒါပေမယ့်အဲဒါကသူ့ကိုပိုပြီးစိတ်ဆိုးစိတ်ပျက်စေခဲ့တယ်။

သူမက..မင်းသား ကုရှန်းနဲ့မင်းသမီးလော့ရှင်းကိုရန်စခဲ့ တယ်..ဒါပေမယ့်အဲဒိ့နှစ်ယောက်ကချစ်သူဖြစ်သွားတယ်။

လင်ရှန်းကကုရှန်းကိုမြင်မြင်ချင်းချစ်ခဲ့တယ်။ ကုရှန်းက သူမကိုအရေးမစိုက်ဘဲ လော့ရှင်းနဲ့ပိုနီးစပ်အောင်နေခဲ့ တယ်။

လွန်ခဲ့သည့် သုံးရက်ခန့်ကမင်းသားနဲ့မင်းသမီးနမ်းရမယ့် ဇာတ်ကွက်ပါခဲ့ပီးသူတို့ကချစ်သူတွေဖြစ်နေတာမို့ ဒါရိုက် တာကအဲဒိ့အနမ်းဇာတ်ကွက်ကို လွန်စွာကျေနပ်ခဲ့သည်။

ဒါပေမယ့်လင်ရှန်းနှလုံးသားမှာတော့အမုန်းတွေနဲ့ပြည့်နေ ပြီးသူမကလော့ရှင်းထက်လှရဲ့သားနဲ့ဘာလို့တတိယမင်း သမီးပဲဖြစ်ရတာလဲဆိုတာပေါ်ဘယ်လိုမှမကျေနပ်ခဲ့ဘူး။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now