Chapter 9 - U/Z

2.4K 273 1
                                    

unicode

ရှောင်းချီကရုတ်တရက်လေလျှော့လိုက်တဲ့ဘောလုံးလေး လိုရှုံ့တွတွနဲ့မုန်တိုင်းတိုက်သလိုအခန်းထဲကိုဝင်ကာတံခါး ကိုဆောင့်ပိတ်လိုက်တဲ့သူ့အဖိုးကိုကြည့်ရင်းသူ့ဘာသာ ပြန်သုံးသပ်လိုက်သည်။

သူစားပီးသားမို့အဖိုးကရွံလို့မစားချင်တာလား?

လင်ရှန်းကသူမသားကိုရီမုကိုဝေ့ယမ်းပြကာပြုံးပြီးပြော လိုက်သည်။

"လာ..Peppa Pig ကြည့်ရအောင်"

ကလေးတွေစိတ်မှာကိစ္စတစ်ခုကအမြဲစွဲမြဲစွာမရှိနေပါ။ Peppa Pig အနည်းငယ်ကြည့်ပီးနောက် ရှောင်းချီက သူ့အဖိုးဒေါသကိုမေ့သွားသည်။

လင်ရှန်းရဲ့မတော်တဆမှုကြောင့်သူမကတစ်ပတ်ဆေးခွင့် ရထားသည်။

ထိုအတောတွင်းသူမကအိမ်သန့်ရှင်း၊ချက်ပြုတ်၊ရှောင်းချီကိုကျောင်းပို့၊ကျောင်းကြို..နောက်ပီးလက်ရှိရိုက်ကူးနေတဲ့ဇာတ်ညွှန်းကိုပိုကျေညက်အောင်ဖတ်ခဲ့သည်။

ဇာတ်ညွှန်း ပထမပိုင်းကိုဧကရာဇ်မြို့တော်တွင် ရိုက်ကူး မည်ဖြစ်ပြီး ဒုတိယပိုင်းကို Hengdian World စတူဒီယိုs တွင် မြို့ပြင်၌ ရိုက်ကူးမည်ဖြစ်သည်။

လင်ရှန်းကအခန်း၂၀ထိသာပါ၀င်သည်။

နောက်နေ့မနက်မှာလင်ရှန်းကအလုပ်ကိုပြန်ဝင်ရမှာ ဖြစ်သည်။

မနက်စာစားပီးနောက်ဟော်ချီကချောမောတဲ့မျက်နှာကို သုန်မှုန်ရင်းသူမကိုတင်းကြပ်စွာသတိပေးလိုက်သည်။

"နင်ရိုက်ကွင်းမှာကောင်းကောင်းနေ..မဟုတ်တာတွေကြံ စည်မနေနဲ့..မဟုတ်တာတွေလုပ်ပီးင့ါကိုအရှက်ခွဲခဲ့ရင်နင် နောက်ဘာအလုပ်မှလုပ်ဖို့မစဉ်းစားနဲ့"

ဟော်ချီကသူမပြုတ်ကျတဲ့ဇတ်လမ်းကိုကြားခဲ့တယ်။

လင်ရှန်းကလော့ရှင်းနဲ့မတည့်ဘဲသူမကိုဒုက္ခပေးချင်ခဲ့တာဒါပေမယ့်သူမရှူးသူမဘာသာပြန်ပတ်ပြီးသူမပဲဒုက္ခရောက် ခဲ့တယ်။

ဒီလိုဦးနှောက်မရှိတဲ့လူကိုသူဘယ်လိုမွေးထားမိတာလဲ!

လင်ရှန်းကသူမအဖေမျက်လုံးထဲက အထင်အမြင်သေး ခြင်းကို ရှင်းရှင်းလင်းလင်း မြင်ပေမယ့်ဒေါသမဖြစ်ဘဲ

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now