Chapter 96,97 - U/Z

1.4K 117 2
                                    

Chapter 96: I'll Give You A Bit

လင်ရှန်းဖုန်းကသူ့ထံမှ မက်ဆေ့ချ်ဖြင့် တုန်ခါသွားသည်။

သူ့ထံ ဖြည်းညှင်းစွာ ချဉ်းကပ်လာတဲ့မိန်းကလေးကိုကြည့် ပြီး မကြုံစဖူးမထင်မှတ်ထားသော မျှော်လင့်ချက်နှင့် ထိတ် လန့်မှုတို့က ကျွင်းရှီရန်နှလုံးသားထဲမှာပျံ့နှံ့လာကာ ကုလားထိုင်လက်တန်းပေါ်ကသူ့လက်တွေ တင်းကြပ် လာသည်။

မိန်းကလေးကအဝါနုရောင်ဂါဝန်ရှည်ကောက်ရိုးဦးထုပ်နှင့် အဖြူရောင် အားကစားဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။ သူမတစ်ကိုယ်လုံးက ငယ်ရွယ်နုပျိုသော စွမ်းအင်ကို ထုတ်လွှတ်နေသည်။

ချောမောလှပတဲ့သွင်ပြင်..လှပနူးညံ့တဲ့ အသားအရေ၊ မျက်တောင်ရှည်နဲ့တောက်ပတဲ့မျက်လုံးရွဲကြီးများနဲ့သူမ က ပြုံးလိုက်တော့နေရောင်တောင်အရောင်အနည်းငယ် ဖျော့သွားသလိုပဲ။

သူ့နှလုံးသားက ချက်ချင်းဆိုသလို မိုးခြိမ်းသံလို ခုန်နေ တယ်။

လင်ရှန်းကသူ့နံဘေးသို့ ပြေးသွားကာ ဘယ်ညာကြည့် လိုက်ကာ.."ရှင်တစ်ယောက်ပဲလား?"

"ကိုယ်ကလွဲရင်မင်းဘယ်သူ့ကိုတွေ့ချင်သေးလို့လဲ?" ကျွင်းရှီရန်အသံကအနည်းငယ်ရှတတဖြစ်နေသည်။

"လက်ထောက်အန်းကရှင့်ကိုဂရုစိုက်ပေးနေတာမဟုတ် လား? ရှင့်တစ်ယောက်ထဲကိုဘယ်လိုလုပ်ဒီမှာထားခဲ့တာ လဲ..?" လင်ရှန်းကပြောရင်းဘီးတပ်ကုလားထိုင်ကို တွန်း ပေးဖို့ သူ့နောက်က လျှောက်သွားတယ်။

"အဲဒိ့အိတ်..ကိုယ့်ကိုအိတ်ပေး" ကျွင်းရှီရန် ခေါင်းကို အနည်းငယ်လှည့်ကာ ညင်သာစွာပြောလိုက်သည်။

"ကျွန်မသယ်ခဲ့ပါ့မယ်..ရှင်ဘယ်လိုသယ်မှာလဲ?" လင်ရှန်း ကြည့်လိုက်တော့၊ အိတ်ထားနိုင်တဲ့ နေရာမရှိဘူး။

"ကိုယ့်ကိုပေးပါ" ကျွင်းရှီရန်ကမိန်းကလေးရဲ့သွယ်လျတဲ့ လက်ကောက်ဝတ်ကို သူ့လက်ရှည်ရှည်များဖြင့် ဆုပ်ကိုင် ရင်းပြောလိုက်သည်။

သူမကဘာလို့ဒီလောက်ပိန်တာလဲ?

သူမလက်ကအရိုးတွေချည်းလိုပဲ..သူမအရမ်းပိန်တာက သူ့နှလုံးသားကိုနာကျင်စေတယ်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now