Chapter 32 - U/Z

2K 231 1
                                    

သူကသာမာန်ဝတ်စုံနဲ့လမ်းလျှောက်နေလဲသူရဲ့အရှိန်အ ဝါကြောင့် လမ်းသွားလမ်းလာများထံမှ အာရုံစူးစိုက်မှုကို အလွယ်တကူရရှိနေဆဲဖြစ်သည်။

တချို့ကသူ့ကိုလက်ညိုးထိုးပြရင်းပျော်ရွှင်စွာသူတို့အိမ်နီးချင်းလို့ပြောဆိုနေကြသည်။

သူ့ညီအကိုတွေ အားလုံးက group chat မှာ ရှုပ်ပွနေပြီး ဘယ်ကိုသွားပျော်မလဲ လို့ အော်ဟစ်နေကြတယ်။

[@ဟော်ချီ..ဘယ်သွားကြမလဲ?]

ဟော်ချီကစာမပြန်ဘူး။

မကြာခင်ဖုန်းဝင်လာသည်။

"အဘိုးကြီး ၆.. မင်းဘယ်သွားချင်လဲ?ငါတို့ညီအစ်ကို တွေဒီညအပန်းဖြေကြမလို့..မင်းလာမလား?"

"အဘိုးကြီး ၄ ..ငါ့ကိုစိတ်မရှည်အောင်လာမလုပ်နဲ့..ဒီ အဘိုးကြီးကအချိန်မရှိဘူး..မလာနိုင်ဘူး"

"ဒီညလေလံပွဲမင်းမသွားဘူးမဟုတ်လား?"

"ဒီအဘိုးကြီးမအားတာကိုမအားဘူးလို့ပြောတာမရဘူး လား..?"

"မင်းကဘာအလုပ်များနေလို့လဲ?ငါတို့မတွေ့တာကြာနေ ပီကို.."

ဟော်ချီကသူနှင့်ဆန့်ကျင်ဘက်ကကစားကွင်းကိုမျှော် ကြည့်လိုက်သည်။

လင်ရှောင်းချီကအခြားကလေးများနှင့်အတူ လျှောပေါ် တွင်ကစားနေသည်။သူကအံကိုကြိတ်ကာ..

"ငါ့ခွေး လမ်းလျှောက်နေတယ်!"

စောက်ရမ်းပူနေတဲ့နေအောက်မှာ..ဒီစောက်ကလေးကိုသူ စောင့်ကြည့်နေရသေးတယ်။

စိတ်တိုစွာသူကဘေးကကျောက်ခဲတွေကိုကောက်ပစ် လိုက်သည်။အဲဒိ့နောက်သူကအသံနက်နက်နဲ့လင်ရှောင်းချီကိုအော်လိုက်သည်။

"အိမ်ပြန်မယ်!"

လင်ရှောင်းချီကပြင်းထန်သော လှုပ်ရှားမှုမှ နီမြန်းနေသည့် နုနယ်သောမျက်နှာငယ်လေးဖြင့်ချွေးစို့နေကာအပျော်ကြီး ပျော်နေသည်။သူ့အဘိုးအသံကြားတော့သူကအမြန်ပဲကလေးတွေကို နှုတ်ဆက်ပြီးတာနဲ့ ဟော်ချီနောက်ကိုပြေး လိုက်သွားသည်။

ဟော်ချီကရှေ့ကသွားသည်။

လင်ရှောင်းချီကသူနဲ့သင့်တော်တဲ့အကွာအဝေးကနေ လိုက်လာသည်။သူ့ကိုမနှောက်ယှက်ရဲပေ။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now