ထပ်တူကျနေတဲ့ကဒ်နှစ်ခုကိုမကြည့်ချင်စွာကျွင်းရှီရန်က မျက်နှာလွှဲလိုက်ပီးအေးစက်တဲ့အသံနဲ့ "အန်းရန်..သူ့ကို လင်မိန်းကလေးကိုတွေ့ဖို့ ခေါ်သွားပေးလိုက်" ဟုပြော လိုက်သည်။
ဘီးတပ်ကုလားထိုင်လက်တန်းကိုကိုင်ထားတဲ့လက်တွေကတင်းကျပ်စွာဆုပ်ညှစ်ထားပီးလက်ဆစ်တွေဖြူလာကာ သွေးကြောတွေပါထောင်လာသည်။
သူမ..သူ့ကိုလှည့်စားခဲ့တယ်!
ဟမ့်!
ဟော်ချီမိန်းကလေးကသူ့ဆီကငွေလိုချင်လို့လာလိမ်နေတာလား!
ဟော်ချီကသူမကိုငွေဘယ်လောက်တင်းကျပ်ထားလို့သူမ ကဒီလိုတွေလုပ်ခဲ့တာလဲ?
ဟော်ချီကဝက်လိုအိပ်နေတဲ့ကုတင်ပေါ်ကမိန်းကလေးကို ကြည့်လိုက်သည်။သူမမျက်နှာကနီရဲနေသည်။သူမကိုမြင် တော့သူ့ဒေါသတွေပိုပိုထွက်လာသည်။
ဒီမှာနင်ကအေးအေးဆေးဆေးလာအိပ်နေတယ်။တစ်ချက် လေးတောင်အသိမရှိဘူး။ဘယ်လောက်ရိုးအတဲ့ကောင်မ လေးလဲ!သူကနေဘယ်လိုဒီလိုသမီးမျိုးမွေးလာတာလဲ?
ယောက်ျားတစ်ယောက်ရဲ့ မုဒိမ်းကျင့်ခံရရင်တောင်မှ သူမ ဘာမှသိလိုက်မှာမဟုတ်ဘူး။သူကချက်ခြင်းငုံ့ကာသူမကိုချီပွေ့လိုက်သည်။
လင်ရှန်းကရုတ်တရက်လှုပ်ရှားမှုကြောင့်ဝိုးတဝါးအသိနဲ့ မျက်လုံးဖွင့်လိုက်တော့ချောမောတဲ့ဟော်ချီမျက်နှာကို တွေ့လိုက်ရတာနဲ့အပြစ်ပေးခံရတော့မှာကိုအလိုလိုသိနေ တဲ့အလားထိတ်လန့်တုန်လှုပ်သွားသည်။
ကျွင်းရှီရန်ကသူမကိုကြည့်ကာ.."လင်မိန်းကလေး..မင်း.. သူ့ကိုသိလား?"
လင်ရှန်းခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ကာ.."ကျွန်မ သူ့ကိုမသိဘူး..တတိယသခင်ကျွင်း..ကျေးဇူးပြုပြီးကျွန်မ ကိုကယ်ပါ..ကျွန်မသူနဲ့လိုက်မသွားချင်ဘူး"
ဟော်ချီ မျက်နှာကအိုးဖင်လိုမဲမှောင်သွားသည်။ဒေါသနဲ့ အံကြိတ်ရင်း.
"ကောင်မစုတ်လေး..သတ္တိရှိရင်..ထပ်ပြောရဲပြောကြည့် စမ်း..."
လင်ရှန်းကကျွင်းရှီရန်ကိုအသနားခံသလိုကြည့်ပြီးအပြင်းအထန်ရုန်းကုန်လိုက်သည်။သူမမျက်ဝန်းတွေကမျက်ရည် တွေဝေ့၀ဲနေ၏.. "တတိယသခင်ကျွင်း..ကျွန်မကိုကယ်ပါ!"
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...