Chapter 54-U/Z

2K 218 2
                                    

ဟော်ဟွမ်ကျိုးခေါင်းလှည့်ကြည့်တော့လင်ရှန်းရဲ့လှောင် ပြုံးနေတဲ့မျက်နှာကိုမြင်နေရပီး။သူမက...လက်ခလယ် ထောင်ပြကာသူ့ကိုပိုပြီးစိတ်ဆိုးအောင်လုပ်ခဲ့ပီးသူက ရေမျက်နှာပြင်ကိုလက်သီးနဲ့ပြင်းပြင်းရိုက်နှက်လိုက် သည်။

ပါးစပ်ကလဲအဆိပ်ပြင်းတဲ့ကျိန်စာတွေသူမကိုတိုက်နေပီး.. သူ့မျက်လုံးထဲကခံစားချက်တွေကပို၍ ပို၍ ကြောက်စရာ ကောင်းလာသည်။

မကောင်းတဲ့ကောင်မ!

သူမကို သေတဲ့အထိ မနှိပ်စက်နိုင်ရင်သူ့ရဲ့ဟော်ဟွမ်ကျိုး ဆိုတဲ့နာမည်ကိုပြောင်းပစ်လိုက်မယ်။

မကြာခင်မှာလေလံပွဲကစတင်ခဲ့သည်။

အန်းရန်ကအားလုံးကိုလေလံပွဲဆီသွားဖို့ညွှန်ကြားခဲ့သည်ကုန်းပတ်ပေါ်မှာလင်ရှန်းနဲ့ကျွင်းရှီရန်ပဲကျန်ခဲ့သည်။

လင်ရှန်းကသူ့ရှေ့မှာထိုင်ချကာခေါင်းကိုမော့ပြီးနူးညံ့သော ကြည်နူးဖွယ်အပြုံး၊ချိုမြိန်သောအသံဖြင့်ကျေးဇူးတင်လိုက် သည်။

"ကျေးဇူးတင်ပါတယ် တတိယသခင်ကျွင်း"

မိန်းကလေးရဲ့နူးညံ့တဲ့အပြုံးကိုတွေ့တော့ကျွင်းရှီရန်နှလုံးသားတွေပျော့ပြောင်းသွားသည်။သူ့အသံကအနည်းငယ် ရှတတဖြစ်နေပြီး.."ဒီညတခြားလုပ်စရာရှိသေးလား?"

လင်ရှန်းကခေါင်းခါလိုက်ပီး..ချိုသာနူးညံ့စွာသူ့ကိုကြည့် လိုက်ကာ.."မရှိဘူး..ကျွန်မတတိယသခင်ကိုအဖော်လုပ် ပေးလို့ရပါတယ်"

"Okay." ကျွင်းရှီရန်ကခေါင်းညိတ်လိုက်သည်။

သူသူမခေါင်းလေးကိုပုတ်ပေးချင်တယ်။သူမကဘာလို့ ဒီလောက်ချစ်စရာကောင်းပြီးလိမ္မာရတာလဲ?

"ဒါရှင့်ကိုပြန်ပေးမယ်..ဆောရီး!" လင်ရှန်းကသူမလက်က လက်စွပ်ကိုချွတ်ကာသူ့ကိုပြန်ပေးလိုက်သည်။

ဒီတော့..ဒီလက်စွပ်ကိုလေလံဆွဲခဲ့တဲ့သူကသူပေါ့!

တတိယသခင်မှာအဲလောက်တန်ဖိုးကြီးတဲ့လက်စွပ်တစ်ကွင်းပါရှိနေတာသူမ အံ့သြမိသည်။

ကျွင်းရှီရန်ကခေါင်းငုံ့ကာသူမပြန်ပေးတဲ့လက်စွပ်ကိုကြည့် လိုက်သည်။ ထိုခဏမှာသူမရဲ့လက်စွပ်ပေါ်မခွဲချင်သလို ဖြစ်နေတဲ့ခံစားချက်ကိုသူခံစားမိတယ်။သူကခဏတွင်းမှာ ပြုံးသွားသည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now