unicode
အရင်တုန်းကတော့သူမကလေးတွေကို မနှစ်သက်သလို စိတ်အနှောက်အယှက်ဖြစ်စရာလို့ ခံစားရတယ်။
ဒါပေမယ့် လင်ရှောင်းချီကို မြင်လိုက်ကတည်းက ဘာ ကြောင့်မှန်းမသိ..သူ့ပေါ်အင်မတန်သဘောကျမိကာ သူ့ကိုမြင်လေလေ ပွေ့ဖက်နမ်းချင်လေလေပါပဲ။
လင်ရှန်းသည် လမ်းတစ်လျှောက်တွင် စူပါမားကတ် တစ် ခုမှ သကြားအုပ်ထားသောအချဉ်ချောင်းတစ်ခုကိုပင် ဝယ်ခဲ့သည်။
လင်ရှောင်းချီမျက်နှာသေးသေးလေးရှုံ့မဲ့သွားတာကိုမြင် တော့လင်ရှန်းကမနေနိုင်စွာရယ်မောလိုက်သည်။
လင်ရှန်းကအခုဟော်ချီရဲဲ့ကွန်ဒိုမှာနေတယ်။
လုံခြုံရေးတင်းကြပ်တဲ့အဆင့်မြင့် တိုက်ခန်း အဆောက် အဦးတစ်ခုဖြစ်ပြီး ပါပါရာဇီ များဝင်ရောက်ခွင့်မရခဲ့ပေ။
ဟော်ချီမှာကောလဟာလများစွာမရှိတာကြောင့် ယေဘူ ယျအားဖြင့်ဘယ်ပါပါရာဇီကမှလဲရလဒ်မရှိဘဲ အချိန်မ ဖြုန်းချင်သောကြောင့် လျှို့ဝှက်ရိုက်ကူးရန် ဤနေရာကို လာမည်မဟုတ်ပါ။
ဟော်ချီကအသန့်အလွန်ကြိုက်တာမို့လင်ရှန်းအတူလာ နေဖို့ကိုကန့်ကွက်ခဲ့တယ်။အိမ်ငှားပေးဖို့..အပြင်အိမ် ၀ယ်ပေးဖို့ထိ ကမ်းလှမ်းပြီး လင်ရှောင်းချီနဲ့အဝေးမှာ သွားနေဖို့တောင်းဆိုခဲ့သည်။
ဒါပေမယ့်လင်ရှန်းကအတော်လေးတွက်ဆတတ်တဲ့သူဖြစ် တာမို့အပြင်မှာသွားမနေချင်ဘူး။ဟော်ချီအိမ်မှာအချိန်ပိုင်း အလုပ်သမားတွေက ပုံမှန်အိမ်မှုကိစ္စနဲ့သန့်ရှင်းရေးတွေ လုပ်ပြီးလိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကို အမြဲဝယ် ဖြည့်ထားတာမို့စိတ်ပူစရာမရှိဘူး။ သူမပိုက်ဆံအိတ်ထဲက မထွက်တော့ဘူး။ နောက်ဆုံးဟော်ချီက လင်ရှန်းအား သီးခြားအခြေအနေတစ်ခုအောက်တွင်နေထိုင်ခွင့်ပြုခဲ့ပြီး စာချုပ်ချုပ်ခဲ့သေးသည်။
၁) လင်ရှန်းကသူတို့ပတ်သတ်မှုကို လျှို့ဝှက်ထားရမည် ဖြစ်ပြီး..သူတို့ဆက်ဆံရေးကို မည်သူတစ်ဦးတစ်ယောက် ကိုမျှထုတ်ဖော်ခွင့်မရှိပေ။

YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...