Chapter 69 - U/Z

1.7K 182 1
                                    

ဆရာက..အချစ်မှာကျရှုံးသွားပုံပဲ။

နှစ်တစ်သောင်းဇီးပင်ကြီးကစတင်ဖူးပွင့်လာတယ်။

သူကအခုမှ အနုပညာအသိုင်းအဝိုင်းကိုစဝင်လာတဲ့သူ့ ထက်ခုနှစ်နှစ်ငယ်တဲ့တက်သစ်စမင်းသမီးလေးကိုချစ် သွားခဲ့တယ်!

ဒါပေမယ့်ကိစ္စတွေကလွန်ခဲ့တဲ့၂ရက်တုန်းကပြောင်းလဲခဲ့ တယ်။ဆရာ့စိတ်အခြေအနေအလွန်ကြောက်မက်ဖွယ် ကောင်းနေပြီးစာအုပ်ရဲ့မျက်နှာဖုံးတစ်ဘက်ဆီလိုကွာခြား နေပြီး သူ့အနီးနားဆယ်ပေလောက်ထိသက်ရှိမကပ်နိုင် စေသလိုဖြစ်နေသည်။

အဲဒိ့မိန်းကလေးနဲ့ရန်ဖြစ်ထားလို့လို့သူထင်ခဲ့တယ်။

သူ့ဆရာရဲ့ကိုယ်ရေးကိုယ်တာကိုစုံစမ်းဖို့မဝံ့ရဲပေမယ့်.. တစ်ဘက်မှာသိချင်လွန်းလို့သေတော့မယ်။

အဲဒိ့အချိန်မှာဒီမိန်းကလေးကသူ့ကိုအရင်ဆက်သွယ် လာမယ်လို့သူဘယ်ထင်မိမှာလဲ။

လင်ရှန်းကသူ့ကိုသူမထက်အသက်ကြီးမယ်လို့မထင်မိ ဘူး။သူ့ကလေးလိုမျက်နှာကနုနုငယ်ငယ်လေးလိုထင်ရ တယ်။

"ကျွန်တော့်ကိုဆရာလို့မခေါ်ပါနဲ့..ကျွန်တော့်နာမည်က ယွီကျန်းပါ" ယွီကျန်းကပေါ်တင်ပဲလင်ရှန်းကိုသေချာအ ကဲခတ်လိုက်ပီးသူမကိုကြက်ခြေထောက်ပေးလိုက်ကာပြုံး ပြလိုက်ပီး.."မင်းလဲစားပါ..."

သူ့ရှေ့ကအလှလေးကတကယ်လှတယ်။သူမကဓါတ်ပုံထဲကထက်တောင်ပိုလှသေးတယ်။

ဒါေ့ကြာင့်ပဲသူ့ဆရာကိုဆွဲဆောင်နိုင်တာနေမယ်။

ယောက်ျားတွေပါးစပ်ကလိမ်ဖို့အလွယ်လေး..တကယ်က သူကငယ်ရွယ်လှပတဲ့သူကိုကြိုက်တာပဲ။အရင်တုန်းကသူ့ ဆရာနားကပ်တဲ့လူတွေထဲမှာဒီလောက်လှတဲ့လူမရှိဘူး!

"မစားတော့ဘူး..ဝမှာစိုးလို့..." လင်ရှန်းကချက်ခြင်းငြင်း ပယ်လိုက်သည်။

"ဆရာကျွန်မကိုတစ်ခုကူညီပေးနိုင်မလား?ဘယ်လောက် ကျမလဲဆိုတာလေးပြောပါလား"

သူမစိတ်ထဲအနည်းငယ်စိုးရွံ့မှုရှိတယ်။သူ့လိုကျွမ်းကျင်ပညာရှင်ကအများကြီးပေးရလောက်တယ်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now