လော့ရှင်းဒဏ်ရာရတဲ့ အချိန်မှာ သူတို့အားလုံးက သူမကို လက်ညိုးထိုးမကောင်းဆိုးဝါးလိုတရားခံတစ်ယောက်လို သတ်မှတ်ခဲ့ကြတယ်။လွန်ခဲ့တဲ့နှစ်ရက်ကသူမကအရင်လိုပဲရိုက်ကွင်းကိုအချိန် အတိအကျရောက်လာတက်ပီးသူမရိုက်ကူးရေးမှာလဲအ ကောင်းဆုံးပါဝင်ပေးခဲ့တယ်။
သူတို့ကသာသူမကို..နောင်တမရှိအရှိက်မရှိတဲ့မိန်းက လေးလို့နောက်ကွယ်မှာဝေဖန်ခဲ့ပီးတစ်စုံတစ်ယောက်ကို အန္တရာယ်ပြုပြီးဘာမှမဖြစ်သလိုနေတဲ့နှလုံးသားမဲ့ပြီးရက် စက်တဲ့မိန်းကလေးလို့လဲသတ်မှတ်ခဲ့ကြတယ်။
ဒါပေမယ့်..သူတို့အားလုံးမှားခဲ့တယ်။
အဲဒါလင်ရှန်းလုပ်တာမဟုတ်ဘူး။
သူမပေါ်အပြစ်သားလိုသတ်မှတ်ပြီးသူတို့စိတ်ရှိတဲ့အတိုင်း သူမပေါ်ဝေဖန်ဆက်ဆံခဲ့ရအောင်သူတို့မှာဘာအခွင့်ရေး
ရှိလို့လဲ?
ယခုမှသူတို့ စဉ်းစားမိတာကသူမကအခုမှအနုပညာလော ကမှာတက်သစ်စလူသစ်ဖြစ်ပြီးအသက်အားဖြင့်လဲငယ် သေးတဲ့သူဖြစ်သည်။
မမျှတပြီးထူးဆန်းတဲ့ဝေဖန်ရံှုံ့ချမှုတွေအများကြီးရနေပေ မယ့်ဖိအားများစွာကို ခံယူရင်း နေ့တိုင်း လုံ့လစိုက်ထုတ်ပြီး ရိုက်ကွင်းကိုလာနေတုန်းပါပဲ။
လူတိုင်းမှာဘယ်သူမဆိုစိတ်ဒဏ်ရာရစေတဲ့အခြေအနေကိုကြုံဘူးကြတယ်။
အခုသူမ ဘယ်လောက်တောင် ဝမ်းနည်းနေတယ်ဆိုတာ မြင်လိုက်ရတော့သူတို့နှာခေါင်းတွေ နာကျင်လာတယ်။
လင်ရှန်းကဒီရက်ပိုင်းမှာသူမခံစားခဲ့ရတဲ့မကျေနပ်ချက်များဝေဖန်မှုများနှင့် သံသယများအားလုံး ကို ဖြေဖျောက်ချင် သကဲ့သို့ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေပါသည်။
ဝမ်ရှီနဲ့လုတန်ကသူမနားကိုလျှောက်လာပေမယ့်သူမကို ဘယ်လိုနှစ်သိမ့်ရမလဲမသိဘူး။
ဒီကောင်မလေးကသူတို့ရိုက်ကူးရေးအဖွဲ့သားတွေ ကြောင့်အများကြီး ဒုက္ခရောက်ခဲ့ရပေမယ့် သူတို့ကို ကလန်ကဆန်လုပ်တာ..မကောင်းတာမပြောခဲ့ဘူး။
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...