ဟော်ရှောင်း သူ့မိန်းမကိုလှည့်ကြည့်လိုက်ပြီးသူ့အမူအရာ က မည်းမှောင်သွားသည်။
"ရင်အာ..သူ..သူ..အခုငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ?"
ဖိုးဖိုး?
သူ့ခံစားချက်တကယ်မကောင်းဘူး!
"ဟန်နီ..ရှင်စိတ်အေးအေးထားပါ..အရင်ထိုင်ပါဦး"
စုရှီရန်ကသူ့ကိုဆိုဖာမှာထိုင်ပေးဖို့လုပ်ပေးလိုက်ပြီး..
"ကျွန်မပြောတာကိုသေချာနားထောင်နော်!"
ပါးနပ်လိမ္မာတဲ့လင်ရှောင်းချီကချက်ခြင်းပြေးသွားကာသူ့ ကိုရေနွေးကြမ်းတစ်ခွက်ငှဲ့ပေးလိုက်ပြီး..
"ဖိုးဖိုး..ရေနွေးသောက်ပါ"
ဟော်ရှောင်းကသူ့ရှေ့ကချစ်စရာကောင်းတဲ့ကလေးလေး ကိုကြည့်လိုက်သည်။သူပြုံးတာလေးကတက့်ကိုချစ်စရာ လေး..ဒါပေမယ့်ဒီမှာဘာတွေဖြစ်နေတာလဲ?
သူ့အစုတ်ပလုတ်သားကဘယ်လိုအမှားမျိုးကျူးလွန်ထား တာလဲ?
စုရှီရန်ကသူ့ကိုအားလုံးပြောပြလိုက်သည်။
လင်ရှောင်းချီကလိမ္မာစွာပဲ..သူတို့အခန်းထဲမှာရှိနေတဲ့ DNA စာရွက်ကိုသွားယူပေးလိုက်သည်။
"ဖိုးဖိုး..စိတ်မဆိုးပါနဲ့"
ဟော်ရှောင်းမျက်နှာကနီမြန်းနေပြီးသူ့လက်တွေကတုန် ယင်နေသည်။
မဟုတ်ဘူး..။
မဟုတ်သေးဘူး..။
သူစိတ်မဆိုးဘဲဘယ်နေမှာလဲ?
သူ့အစုတ်ပလုတ်သားကဒီလိုမကောင်းတဲ့ကိစ္စကိုလုပ် ထားတာကိုထားပါတော့..။
ဒါပေမယ့်..သူ့ရဲ့သိတက်လိမ္မာတဲ့ဇနီးက..အဲဒိ့ကောင် ဘက်လိုက်ပြီးသူ့ကိုဖုံးကွယ်ပေးထားတယ်။
"ယောက်ျား..တောင်းပန်ပါတယ်..ချီအာကရှင့်ကိုသူပြန် လာရင်ကိုယ်တိုင်ပြောပြမယ်ဆိုလို့ပါ" စုရှီရန်ကအပြစ် လုပ်ထားတ့ကလေးတစ်ယောက်လိုသနားစဖွယ်ငိုရင်း ပြောလိုက်သည်။
သူ့ဇနီးငိုနေတာကိုတွေ့တော့ဟော်ရှောင်းကစိတ်ပျော့ သွားသည်။သူကအမြန်သူမမျက်ရည်တွေကိုသုတ်ပေး လိုက်ပြီး.."ရပါတယ်..ကိုယ်မင်းကိုအပြစ်မတင်ပါဘူး.. ကိုယ့်အမှားပါ.."
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...