Chapter 15-U/Z

2.4K 256 1
                                    

unicode

နောက်နေ့မှာကျွင်းရှီရန်ကသူမဆီသဘောတူညီချက်တစ်ခု ပို့ပေးခဲ့တယ်။တစ်နာရီကိုဒေါ်လာ 10,000 ရမယ်။သူမကို မထိဘူးလို့ကတိပေးခဲ့တယ်။ငွေကိုလစဉ်ရှင်းပေးမယ်လို့ ပြောခဲ့သည်။

သေးငယ်တဲ့နေရာကလာတဲ့သူမကရုပ်ဝါဒီသမားဖြစ်ပြီး ငွေကိုရှာနိုင်သမျှများများရှာကောင်းတယ်ဆိုတဲ့ခံယူချက် ရှိတယ်။ ဒါ့ကြောင့်သူမကိုဒီလိုအလကားနီးပါးလာပေးနေ မှတော့သူမကအမြန်လက်မှတ်ထိုးလိုက်သည်။

လင်ရှန်းကသူ့ဘေးမှာဖြူဖျော့နေတဲ့မျက်နှာမှာမျက်ခုံး လေးအနည်းငယ်တွန့်ကာအိပ်ပျော်နေတဲ့လူကိုကြည့် ုလလိုက်သည်။ ကမ္ဘာမှာအချမ်းသာဆုံးလူဖြစ်ပီးဘယ်လိုကပ် စီးနဲတာလဲ!တစ်နာရီကိုဒေါ်လာ 10,000 ပဲပေးတာလား။ တစ်နာရီဒေါ်လာ 100,000 ပိုဖြစ်သင့်တာပေါ့!

ကျွင်းရှီရန်အိပ်သွားတော့လင်ရှန်းကယာဉ်မောင်းဖုန်းကိုငှား ကာဟော်ချီကိုသူမအဆင်ပြေကြောင်းစိုးရိမ်ဖို့မလိုတာကို သတင်းပေးလိုက်သည်။

ဟော်ချီအရင်ဆုံးရဲကိုဖုန်းဆက်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့ သည်။

လမ်းတစ်လျှောက်လဲအရူးလိုသူ..သူမကိုအသည်းအသန် လိုက်ရှာခဲ့သေးသည်။နောက်ဆုံးသူမကိုမတွေ့တော့မှရွေး ချယ်စရာမရှိဘဲအိမ်ပြန်ကာရဲဆီကသတင်းကိုထိုင်စောင့်ရ တော့သည်။

ထိုအချိန်တွင် သူရုတ်တရက် လင်ရှန်းဖုန်းကိုလက်ခံရရှိခဲ့ သည်။ သူကဒေါသတကြီးဖြင့် ဆဲလ်ဖုန်းကို ပစ်ပေါက်ကာ သွားများကို အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

"***!"

အဲဒီကောင်မလေး!

သူမ..သူ့ကိုကစားနေတာလား!

ဖက်လုံးကိုဖက်ရင်းမျက်ဝန်းတွေနီရဲအောင်ငိုထားတဲ့ ရှောင်းချီကကြောက်လန့်စွာပုခုံးလေးတုန်သွားသည်။ သူကသတ္တိစုဆောင်းလိုက်ရင်း..

"အဖိုး..မာမီကိုတွေ့ပီလား?"

"သွားအိပ်တော့!သူမဘာသာသေသေရှင်ရှင်ငါဂရုမစိုက် ဘူး..!" ဟော်ချီကဒေါသတကြီးရှောင်းချီကိုစိုက်ကြည့် လိုက်သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now