Chapter 74 - U/Z

1.7K 183 2
                                    

မနေ့ကဟက်ကာ King..ယွီကျန်းကရိုက်ကွင်းနားကစီစီ တီဗွီပါတဲ့ကားတွေကနေ ရိုက်ကွင်းအခြေအနေကိုကြည့် ပေးခဲ့ပီးညနေရှုတင်အစားသောက်ပို့ကားဆီကနေမြင် ကွင်းတစ်ချို့ကိုရရှိခဲ့ကာရှန်ကျားရန်အပြုအမူကထူးဆန်းနေတာမို့သူမဆီကိုထိုစီစီတီဗွီဖိုင်ကိုပို့ပေးခဲ့တယ်။

ဗွီဒီယိုထဲမှာ..သူမကသူမကပုလင်းတစ်လုံးကိုခွဲပြီးပုလင်းကွဲတွေဖြစ်အောင်ထုချေနေတယ်။

အနုပညာအသိုင်းအဝိုင်းမှာယခင်ဘဝထဲကနေခဲ့ဘူးတာမို့ အထာနပ်နေတဲ့သူမကဘယ်သူတွေရဲ့ပြစ်တင်ဝေဖန်ခြင်းကို မကြောက်ခဲ့ပေ။

အပျက်သဘောဆောင်သောသတင်းသည်ပင်လျှင် သူမ ၏ကျော်ကြားမှုကိုပိုတိုးစေဖို့အထောက်အကူဖြစ်စေမည့် သတင်းကောင်းဖြစ်သည်။

သူမရေပန်းစားရင်သူမကိုလူသိများထင်ရှားလာမယ်..ဒါဆို ထုတ်လုပ်သူတွေအပြင်တခြားသောမီဒီယာများ၊လုပ်ငန်း များကမျက်စိကျလာမယ်..ဒါဆိုပိုက်ဆံများများရှာလို့ရနိုင် တယ်။

သူမရဲ့ကိုယ်ရည်သွေးကိုဈေးကွက်တင်ဖို့ဆုံးဖြတ်ပြီး နောက်..အစ်မမန်ကသူမပုံရိပ်ကိုတဲ့တိုးပြောတက်ပြီးပွင့် လင်းလတ်ဆတ်တဲ့ပုံရိပ်တစ်ခုအနေနဲ့ဖန်တီးချင်တယ်။

သူမကတော့ဘာမှဂရုမစိုက်ဘူး..။အဲဒါတွေလိုလို့လား..။ သူမကလူလေ..။ လူဆိုတာစွဲမြဲနေတဲ့အကျင့်စရိုက်တွေ ရှိနိုင်ပေမယ့်ပုံသေပြောလို့မရဘူး။

သူမက 'လှတယ်' ဆိုတဲ့ပုံရိပ်တစ်ခုရှိနေပြီးနောက်အဲဒါက ပဲ လုံလောက်နေပြီမို့ သူမရဲ့တခြားပုံရိပ်တွေမလိုအပ်ဘူး။

သူမက မန်ရွှယ်လင်အား ဗီဒီယိုကို ပေးထားပြီးဖြစ်ကာ အချိန်အခါကို ထိန်းချုပ်ကာ ဆွေးနွေးမှုများ အရှိန် အမြင့်ဆုံးရောက်လာတဲ့အချိန်မှာ..သူမတို့ဘက်ကအကျိုး ရှိမယ့်အနေအထားကိုတွက်ချက်ပီးနောက်..ထို ဗီဒီယိုကို ထုတ်လွှင့်မည်ဖြစ်သည်။

အဲဒိ့နောက်..သူမကရှန်ကျားရန်ကိုထုချေပစ်မယ်!

လင်ရှန်းကလော့ရှင်းကိုအန္တရာယ်ပေးခဲ့တဲ့လူမဟုတ်ဘူး!

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now