Chapter 48 - U/Z

1.7K 198 2
                                    

ပရိဟိတံလေလံပွဲကအပျော်စီးသင်္ဘောပေါ်မှာကျင်းပတာ ဖြစ်သည်။

သင်္ဘောကို ခေတ်ဆန်သောပုံစံဖြင့် အလှဆင်ထားပြီး အတွင်းပိုင်းကို ဇိမ်ခံရှေးဟောင်းနန်းတော်နှင့် ဆင်တူ သည့် ပြိုးပြိုးပြက်ပြက်ပြက်ပြနိုင်သော သလင်းကျောက် များဖြင့် အလှဆင်ထားသည်။

ဇိမ်ခံကားမျိုးစုံကပုလဲမြစ်ဘေးမှာရပ်သွားကြကာ..ကား ပေါ်မှဆင်းလာသူများကလှပခမ်းနားသပ်ရပ်စွာဝတ်စား ဆင်ယင်ထားကြသည်။

တုချင်းချင်းကကားပေါ်ကဆင်းတာနဲ့လင်ရှန်းဆီကိုဝိုင်းစု လာတဲ့အာရုံစိုက်မှုတွေကိုခံစားမိလိုက်ကာသူမနှလုံးသား အောက်ခြေတွင် ယုတ်ညံ့သော ခံစားချက်တစ်ခု တိုးဝင်လာသည်။

"စီနီယာတု" လင်ရှန်းကအပြုံးနဲ့ခေါင်းအနည်းငယ်စောင်း ပြီးကြည့်လိုက်တော့.. တုချင်းချင်းမျက်ဝန်းထဲကယုတ်ညံ့ မှုအချို့ဖျတ်ခနဲပေါ်လာပီးပျောက်သွားတာကိုတွေ့လိုက် တယ်။

သူမကျောရိုးတွေတောင်စိမ့်သွားတယ်။

အိုး..အမေရ..ကြောက်စရာကောင်းလိုက်တာ!

မိန်းမတွေရဲ့မနာလိုစိတ်ကစောက်ရမ်းကြောက်ဖို့ကောင်း တယ်။

ပိုကြောက်စရာကောင်းတာက မင်းကို နောက်ကျောက ဓားနဲ့ထိုးတဲ့ ဖြစ်နိုင်ချေက ပိုကြောက်စရာကောင်းတယ်။

လေလံပွဲကမစသေးဘူး။

ခန်းမထဲမှာဝိုင်ခွက်ရှည်ရှည်တွေကိုင်ပြီးရင်ခုန်သံကိုအမဲလိုက်နေသလိုလှည့်ပတ်နေတဲ့ အောင်မြင်ကျော်ကြားတဲ့ သူတွေရှိတယ်။

ယောက်ျားများနဲ့စကားမပြောချင်သလိုလို..အပြစ်ကင်းစင်ပြီးချစ်စဖွယ်ပုံနဲ့ရှက်နေသလိုလိုနဲ့ရှောင်ဖယ်ချင်နေသလို လိုနဲ့လိုက်လျောနေတဲ့ မိန်းကလေးများလဲရှိသည်။

အချို့ကစီးပွါးရေးသတင်းအချက်အလက်အသားပေးလာသူများကစိတ်ဝင်စားလောက်ဖွယ်သတင်းအချက်အလက် အချို့ကိုဝေမျှပြီး၎င်းတို့အတွေ့အကြုံအချို့ကိုပြန်လည် ပြောဆိုနေသည်။

တုချင်းချင်းဝင်လာတာတွေ့တော့ယောက်ျားအချို့ကသူမဆီလျှောက်လာရင်းကြိုဆိုခဲ့သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now