Chapter 56-U/Z

1.8K 195 1
                                    

"မင်းအမှားကိုမင်းသိလား?" ဟော်ချီ အနက်ရောင်ဝတ်စုံ ကို ဝတ်ဆင်ထားပြီးသူ့ပုံစံကအမှောင်ရိပ်တစ်ဝက်လောက် ဖုံးလွှမ်းနေတယ်။

သူ့ရဲ့ဒေါသကို ဖုံးကွယ်၍မရပေ။

"ဦးလေး.." ဟော်ဟွမ်ကျိုးကအသက်ပြင်းပြင်းရှုလိုက်ပြီး မျက်နှာကနီရဲနေကာသူကလက်သီးကိုကျစ်ကျစ်ဆုပ်ထား ပြီးအားတင်းကာပြောလိုက်သည်။

"ဦးလေးဘာပြောတာလဲ?ကျွန်တော်နားမလည်ဘူး"

"မင်းမသိဘူး?" ဟော်ချီ နူးညံ့စွာ ငုံ့ကာ သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

အဲဒိ့နောက်လက်သီးနဲ့ထိုးလိုက်သည်!

သူ့လက်ထောက်ကျိုမင်ကမကြည့်ရဲစွာမျက်လုံးမှိတ်လိုက် သည်။

ဒီည..ဆဌမသခင်အရမ်းဒေါသထွက်နေတယ်။

လေဆိပ်ကနေဒီအထိလာတဲ့ခရီးမှာ အစ်မမန်ကို ဖုန်းနဲ့ တောက်လျှောက်ပြောဆိုနေခဲ့တာ..။အထူးသဖြင့်အပျော် စီးသဘောၤပေါ်မှာသခင်လေးကျိုးက..လင်ရှန်းကိုအနိုင် ကျင့်တယ်ဆိုတာကိုကြားတော့သူချက်ခြင်းဒီကိုလိုက် လာခဲ့သည်။

ဟော်ချီကဟော်ဟွမ်ကျိုးကိုလက်သီးနဲ့ထိုးပြီးခြေထောက်နဲ့ကန်လိုက်သည်။

ဟော်ဟွမ်ကျိုး ရေကူးရလွန်းလို့အားနည်းနေပြီး..သူ့နွမ်း နယ်မှုကသူ့ကို ခိုကိုးရာမဲ့ ဖြစ်စေတယ်...သို့သော်လည်း သူကလက်တုံ့ပြန်ရန်မဝံ့ရဲဘဲအဲဒိ့အစား..နာကျင်စွာအော် ဟစ်နေသည်။

"ဦးလေး..ကျွန်တော်မှားသွားပါတယ်..မှားသွားပါတယ်!"

"မင်းဘာမှားခဲ့လဲ..?"

ဟော်ချီမျက်ဝန်းတွေကမီးတောက်နေပြီးသူ့မျက်နှာကို ကန်လိုက်ကာအံကြိတ်ရင်း..

"ပြောလေ..!"

"ကျွန်..ကျွန်တော်..." ဟော်ဟွမ်ကျိုးကဒီတလောသူ့လုပ် ရပ်တွေကိုသေချာပြန်စဉ်းစားကြည့်တယ်။သူ့ဦးလေးကို ဘာမှရန်မစခဲ့ပါဘူး.."ကျွန်တော်မသိဘူး!"

"မသိဘူး?" ဟော်ချီကအေးစက်စက်ရယ်မောလိုက်သည်။ ဒေါသထွက်လွန်းလို့သူ..တစ်စုံတစ်ယောက်ကိုသတ်ပစ် ချင်တယ်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now