Chapter 37 - U/Z

2K 225 1
                                    

သူမရဲ့ကပ်စေးနဲအဖေမှာအချိန်အများကြီးရှိတယ်။သူက ရုပ်ရှင်ရိုက်ချင်တဲ့အချိန်ထရိုက်ပီးမရိုက်ချင်လဲကြိုက်သလို အားလပ်ရက်ယူနိုင်တဲ့သူဌေးကြီးတစ်ယောက်ဖြစ်ပြီးငွေကိုထားစရာမရှိနေပုံပဲ။

"ဘယ်လိုမိန်းကလေးမျိုးကိုစီနီယာဟော်ကသဘောကျ တယ်လို့ထင်လဲ?သူကအခုထိလက်မထပ်သေးဘူး..သူ့ မှာချစ်သူတောင်ရှိရဲ့လား?" ရွှန်းကျားရန်မျက်လုံးများက စိတ်လှုပ်ရှားမှုနဲ့ပိုတောက်ပနေသည်။

ဟော်စတူဒီယိုကိုသာဝင်နိုင်လို့ကတော့ဟော်ချီကိုသူမရဲ့ နည်းဗျူဟာများနဲ့သွေးဆောင်နိုင်မယ်လို့ယုံကြည်တယ်။သူမကို ပွဲဦးထွက်ကတည်းက သူမလိုချင်တဲ့ယောက်ျား တွေဆီကဘယ်တုန်းကမှအငြင်းမခံခဲ့ရဘူးဘူး။

ဟော်ချီကိုသာရလို့ကတော့ကြိတ်မှိတ်ပြီးချစ်ပြနေရတဲ့အဆီတဝင်းဝင်းနဲ့ဝက်ကြီးတွေကိုစွန့်လွှတ်လို့ရပြီ။

"ကျွန်မတကယ်မသိဘူး" လင်ရှန်းကအေးစက်စက်ရယ် မောလိုက်သည်။

**ဒီမိန်းမကငါ့မိထွေးဖြစ်ချင်နေတာလား?**

တချို့လူတွေများတကယ်အရည်ထူတယ်..ကျက်သရေရှိ လှပပြီး၊စွမ်းဆောင်နိင်ရည်အပြည့်ရှိတဲ့မန်ရွှယ်လင်လိုလူ မျိုးတောင်မှသူမရဲ့အမှိုက်အဖေမျက်လုံးထဲမဝင်တာ..လင်ကျားရန်ဆိုတာဘယ်နားမှာမှန်းတောင်သိမှာမဟုတ်ဘူး။

သူတို့စကားပြောနေတုန်းမန်ရွှယ်လင်ကအဝတ်လဲခန်းထဲ ဝင်လာပီး "ရှန်းရှန်း!" လို့ခေါ်လိုက်သည်။

မန်ရွှယ်လင်ကသူမရဲ့မာရ်နတ်ပုံသဏ္ဍာန်နှင့်လုံးဝမကိုက် ညီသောအလုပ်တက်အဝတ်အစားကိုဝတ်ဆင်ထားသည်။ သူမရဲ့ပြောင်မြောက်သောမိတ်ကပ်နှင့်အနီရဲရဲနှုတ်ခမ်းနီ နဲ့ပေါင်းစပ်လိုက်ခြင်းဖြင့် ရင့်ကျက်သောအမျိုးသမီးတစ် ဦးရဲ့ခမ်းနားသောအသွင်အပြင်ကိုထင်ရှားစေသည်။

မန်ရွှယ်လင်ကလင်ရှန်းကိုနှိပ်ပေးနေတဲ့ရှန်ကျားရန်ကို ကြည့်ကာမျက်ခုံးအနည်းငယ်တွန့်သွားသည်။

ဒုတိယဇာတ်ပို့မင်းသမီး..ရှန်ကျားရန်.

သူမကအင်တာနက်ကျော်ကြားသူအဖြစ်ကနေစခဲ့ပီးတော့ ဒင်ရူမီဒီယာမှာအငယ်တန်းအနုပညာရှင်ဖြစ်လာတယ်။သူမကထူးချွန်တဲ့သရုပ်ဆောင်နိုင်စွမ်း၊ထူးခြားတဲ့အသိမှတ်ပြု လောက်စရာပါရမီမပါဘဲလာဘ်ထိုး၊နောက်ပေါက်ကဝင်၊ တခြားလူကိုချနင်းပြီးတော့နေရာများစွာရလာတဲ့သူလို့နာ မည်ကြီးတယ်။သူမနဲ့အတူလုပ်ဘူးတဲ့မင်းသား၊မင်းသမီး ငယ်များကသူမလက်ချက်မိတာများတယ်။သူမမှာရေတပ် ကိုတွင်ကျယ်စွာသုံးနိုင်တဲ့စပွန်ဆာများရှိပြီးများစွာသော အနုပညာရှင်တွေကိုဆွဲချတဲ့မှတ်ချက်တွေ၊မကောင်းသ တင်းတွေကိုဖြန့်တယ်။သူမပုံရိပ်ကိုတော့ပိုလူသိများစေဖို့ လုပ်တက်တယ်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now