"နင့်သက်သေကဘာလဲ?" လင်ရှန်းကသူမလက်ကိုလိမ် ကာသူမရဲ့ဖုန်းကိုသူမအိတ်ထဲမှဆွဲထုတ်ယူလိုက်သည်။
"လင်ရှန်း..ဒီအနုပညာအသိုင်းအဝိုင်းမှာငါကနင့်ထက်..ထ မင်းအရင်စားလာတာ။ငါကသက်သေကိုတစ်နေရာထဲမှာ သိမ်းထားမယ်လို့ထင်လား?" ရှန်ကျားရန်မျက်နှာကချက် ခြင်းပြောင်းလဲသွားသည်။
"နင်ကသိပ် အ,တာပဲ...."
လင်ရှန်းမသိဘဲဘယ်နေမှာလဲ?သူမကဒေါသဖြေချင်ရုံ သက်သက်ပဲ။အဲဒိ့နောက်သူမကဖုန်းကိုနံရံဆီကိုပစ် ပေါက်လိုက်သည်။
ဖုန်းကအကွဲကွဲအရှရှနဲ့ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။
ဒေါသတကြီး အော်ဟစ်ရင်း ရွှန်းကျားရန်မျက်နှာပျက် သွားကာ.. "လင်ရှန်း..နင်လွန်မလာနဲ့"
ဗီဒီယိုကို သိမ်းဆည်းထားသော်လည်း၊ သူမ၏ဖုန်းထဲတွင် အရေးကြီးစာရွက်စာတမ်းများစွာ ကျန်ရှိသေးသည်။
"ဖုန်းလေးပဲမဟုတ်လား? ဟော်ချီကနင့်ကိုလျော်ပေးလိမ့် မယ်" လင်ရှန်းကခပ်မဲ့မဲ့ပြုံးကာဖြေလိုက်သည်။
ရှန်ကျားရန်ကဒေါသဖြစ်ပေမယ့်မကြာခင်သူမကဟော်ချီ စတူဒီယိုနဲ့စာချုပ်ချုပ်ပီးမန်ရွှယ်လင်လက်အောက်ကအနု ပညာရှင်ဖြစ်မှာကိုတွေးမိတော့ဖုန်းကိစ္စကိုဆက်ပြီးတော့ ပြသနာမရှာတော့ဘူး။
လင်ရှန်းနဲ့ဟော်ချီကိစ္စဗွီဒီယိုသက်သေရှိမှတော့အနာဂတ် မှာသူမလိုအပ်သလိုသူတို့ဆီကဆက်တိုက်တောင်းဆိုလို့ ရနေပြီပဲ။
အဲဒိ့တော့မှသူမဒီကောင်မစုတ်လေးကိုသေချာအပြစ်ပေး ရမယ်။ ဟော်ချီကိုသူ့ကုမ္ပဏီအရင်းအမြစ်တွေအကုန် လုံးကိုသူမကိုပံ့ပိုးပေးဖို့တောင်းဆိုရမယ်။
သူမစဉ်းစာထားပြီးသား..မဝေးတော့တဲ့အနာဂတ်မှာ..သူမ ကအနုပညာအသိုင်းအဝိုင်းရဲ့ထိပ်တန်းမှာရပ်တည်နိုင်ရ မယ်။ သူမကိုအထင်သေးတဲ့လူတွေအကုန်လုံးကိုနင်းခြေ ပစ်မယ်။အဲဒါကိုတွေးမိတာနဲ့အရမ်းပျော်ဖို့ကောင်းတယ်။
လင်ရှန်းကဟော်ချီကိုဖုန်းခေါ်တော့စိတ်ထဲမှာအဆိုးဆုံး ပြင်ဆင်ထားတယ်။သို့ပေမယ့်အံ့သြဖို့ကောင်းစွာသူမရဲ့ အမှိုက်အဖေကသူမကိုမဆူပူဘူး။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Ficción GeneralBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...