Chapter 44-U/Z

1.8K 198 1
                                    

လင်ရှန်းကလမ်းမှာလာရင်းနဲ့မိန်းကလေးတစ်ယောက်ဆီ ကလှို့ဝှက်သတင်းရခဲ့တယ်။ တုချင်းချင်းကမန်ရွှယ်လင် ရုံခန်းထဲကငိုယိုပြီးထွက်သွားတယ်လို့။

ကြည့်!

အဲဒါလူတွေကိုချဉ်းကပ်ထားတဲ့ကောင်းကျိုးပဲ။

"စီနီယာကကျွန်မကိုခေါ်သွားပေးဖို့သဘောတူလား?"

လင်ရှန်းကခဏနေပြီးမှ "မခေါ်သွားပေးလဲရတယ်..အစ်မ ခက်ခက်ခဲခဲမစဉ်းစားနေပါနဲ့..ညီမတစ်ယောက်ထဲလဲအ ဆင်ပြေပါတယ်..ညီမကိုယုံပါ"

အရင်ဘဝတုန်းကဘယ်လိုပွဲမျိုးကိုသူမမတက်ဘူးတာရှိ လို့လဲ?ဒီလိုဘာမဟုတ်တဲ့ပရဟိတပွဲလေးသေးသေးလေးကသူမကိုဘယ်လိုထိတ်လန့်စေမှာလဲ။

"အရင်ကတော့နဲနဲစိတ်ပူတယ်..ဒါပေမယ့်အခုတော့စိတ် ပူစရာမလိုဘူးဆိုတာကိုသိသွားပါပြီ.."

မန်ရွှယ်လင်ကသူမရှေ့ကလူကောင်သေးသေးလေးကို တစ်ချက်ကြည့်လိုက်ပီး.."ငါသူမနဲ့ပြောထားပြီးသွားပြီ သူမကနင့်ကိုအဲဒိ့ပွဲမှာအချို့မီဒီယာကလူတွေနဲ့မိတ် ဆက်ပေးလိမ့်မယ်"

လင်ရှန်း "အစ်မသူ့ကိုမခြိမ်းခြောက်လိုက်ဘူးမဟုတ်လား"

မန်ရွှယ်လင် "လုပ်လိုက်တယ်ဆိုရင်ရော..ဘာဖြစ်လဲ?"

လင်ရှန်းကအနည်းငယ်လန့်သွားတဲ့ပုံဟန်ဆောင်လိုက် ပီး.."ဘာမှမဖြစ်ပါဘူး..အစ်မကအထင်ကြီးစရာပဲ..ဘာပဲ ဖြစ်ဖြစ်အစ်မကသူဌေးပဲ!"

မန်ရွှယ်လင် "နင်ဆက်ပြီးနောက်နေရင်..ငါနင့်ကိုရိုက် ထုတ်တော့မယ်..နင်ယုံလား?"

လင်ရှန်းကချိုသာစွာပြုံးလိုက်ပီး.."မလုပ်ရဲပါဘူး..မှားသွား ပါတယ်"

မန်ရွှယ်လင်ကသူမရှေ့မှာစာအုပ်အချို့ပစ်ချလိုက်ပီး..

"ဒါငါအခုတလောရွေးထားတဲ့ဇာတ်ညွှန်းအသစ်တွေပဲ.. ဘယ်တစ်ခုကိုသဘောကျလဲကြည့်ပြီးတော့လူရွေးပဲသွား ပြိုင်ကြည့်"

နှစ်ပေါင်းများစွာအနုပညာရှင်များစွာကိုသူမပျိုးထောင်ခဲ့ ပေမယ့်သူမကိုသူငယ်ချင်းလိုပြောဆိုတာဒီတစ်ယောက်ပဲ ရှိသေးတာထူးဆန်းစွာသက်တောင့်သက်သာရှိသလိုခံစား ရသည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now