အဲဒ့ိငနဲမ!လုပ်ပုံကိုကြည့်! သူ့ကို ဒေါသထွက်စေတယ်။
လင်ရှန်းကဟော်ချီကသူမကို ရှန်ကျားရန်အကြောင်းဒါမှ မဟုတ်လော့ရှင်းနဲ့ဖြစ်တဲ့ကိစ္စတွေကိုမေးမယ်လို့ထင် ထားခဲ့တာ။မမျှော်လင့်ဘဲကျွင်းရှီရန်ကိစ္စဖြစ်နေသည်။
ဟော်ချီကဒီလောက်ငယ်သေးတဲ့သူကကမ္ဘာပေါ်ကတခြား ဖခင်တွေလိုသူ့သမီးဘယ်သူနဲ့ချိန်းတွေ့နေလဲဆိုတာကို မေးမြန်းရလာလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့ဘူး
ဟွန့်!
ဟော်ချီ လသာဆောင်ရှိ ကြိမ်ကုလားထိုင်ပေါ်တွင် ပျင်းရိ ငြီးငွေ့စွာထိုင်ကာ ပေါ့ပေါ့ပါးပါးပုံစံဖြင့် ခြေထောက်များကို ချိတ်ထားလိုက်ပြီး..
"နင်..တတိယကျွင်းနဲ့ဘယ်လိုသိတာလဲ?"
"သမီးသူနဲ့မသိဘူး.." လင်ရှန်းတိုက်ရိုက်ဖြေလိုက်သည်
သူ့ပင်ကိုယ်အသိကသူမကိုသတိပေးနေတယ်..ဒီအချိန်မှာ သူမသာကျွင်းရှီရန်ကိုသိရင်..နောက်လာမယ့်အနာဂတ်မှာ ကောင်းမွန်သောဘဝရှိမှာမဟုတ်ဘူးလို့။
ဟော်ချီကဒေါသတကြီးစားပွဲကိုရိုက်လိုက်ပြီးသူမကိုလက် ညှိုးထိုးကာ.."နင်ငါ့ကိုဗြောင်လာမလိမ်နဲ့..နင်နောက်ဆုံး တစ်ခါကဘယ်လောက်တောင်မူးနေခဲ့လဲမှတ်မိလား?"
အဲဒိ့တုန်းကအိမ်မှာသူ့အမေမရှိနေရင်..သူ..သူမကိုသင် ခန်းစာကောင်းကောင်းပေးခဲ့မှာ။သူ့အမေကြောင့်သူဘာ မှမလုပ်နိုင်ခဲ့တာ။
"သမီးတို့တစ်ယောက်ကိုယ်ရေးကိုယ်တာကိုတစ်ယောက်ကဝင်မစွပ်ဖက်ရဘူးလို့ပြောထားပြီးသားမဟုတ်လား?" လင်ရှန်းကဆင်ခြေပေးလိုက်သည်။
သေစမ်း!
ရုတ်တရက် သူမဘာလို့ အပြစ်ရှိသလိုခံစားနေရတာလဲ?
"ငါကနင့်ဘဝကိုဝင်စွပ်ဖက်တယ်? ဒီအဘိုးကြီးက နင့် ဘဝထဲကိုအရမ်းကိုဝင်စွက်ဖက်ချင်တယ်လို့ နင်..ထင်နေ လား။? တတိယကျွင်းကဘယ်သူလဲနင်သိလား?နင်တခြား လူကိုသွားထိလို့ရတယ်..ဒါပေမယ့်သူကတော့..သွားထိ လို့ကောင်းတဲ့လူမဟုတ်ဘူး..!"
ဟော်ချီကဒေါသကြောင့် မျက်လုံးများ တောက်လောင်နေ သလိုအသက်ရှုမဝသလိုခံစားရကာ..မူးမေ့လဲမတက်ဖြစ် သွားသည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...