Chapter 4 - U/Z

2.7K 303 1
                                    

unicode

"ကျေးဇူးတင်ပါတယ်အန်တီ..ဒါပေမယ့်သားတစ်ယောက်ထဲပြန်လို့အဆင်ပြေပါတယ်"

လင်ရှောင်းချီကအလေးမထားသလိုပေ့ါပါးစွာပြောလိုက် သည်။

အန်တီဘေးနားကနဖူးမှာပလာစတာကပ်ထားတဲ့ကလေး မလေးကိုကြည့်ရင်းသူ့မျက်ဝန်းမှာအားနာသွားတဲ့အရိပ် တွေနဲ့ခပ်တိုးတိုးပြောလိုက်သည်။

"အန်တီ..မိုမိုနေ့လည်ကခြေထောက်သိပ်မကောင်းဘဲ လဲကျသွားတယ်..သားသေချာမစောင့်ရှောက်နိုင်ခဲ့ဘူး.."

"အန်တီသိတယ်..ရှောင်းချီ..ကျေးဇူးပါပဲ.."

မိုမိုအမေကသူမသမီးနဖူးကိုဖွဖွပွတ်ပေးရင်းပြောလိုက်၏ သူမကနာကျင်နေတုန်းထင်ရကာမျက်ရည်လေးဝိုင်းနေ သည်။

မိုမိုသည် ငယ်စဉ်ကပင် အခြားကလေးများနှင့် ယှဉ်လျှင် ကြီးထွားမှု နှေးကွေးသောကြောင့် ဟော်မုန်းမညီမျှမှုကို ခံစားခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်ထိန်းညှိမှုမှာအဆင်မပြေ ကာမကြာခဏ လဲကျကာ ဒဏ်ရာများစွာ ရရှိစေခဲ့သည်။

မူကြိုကတခြားကလေးတွေက သူမနဲ့ ဆော့ကစားချင် စိတ်မရှိကြဘဲသူမသမီးလေးရဲ့ မပျော်မရွှင်မျက်နှာကို မြင်ရတိုင်း သူမနှလုံးသားတွေ နာကျင်ခဲ့ရသည်။

ဒါပေမယ့် မကြာသေးခင်ကပဲ သူမသမီးလေးဟာ ပိုပြီး တက်ကြွရွှင်လန်းလာခဲ့ပါတယ်။သူမတို့အတန်းမှာအသစ် ရောက်တဲ့ကလေးရှိပြီးထိုကလေးနဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့ပီးသူနဲ့ပဲအဖော်ပြု စကားပြောဆော့ကစားရတာကို နှစ်သက်ခဲ့သည်။

လင်ရှန်းအနားလျှောက်လာတော့စကားပြောနေဆဲ လင်ရှောင်းချီကတစ်ခုခုကိုအာရုံခံစားမိသလိုရုတ်တရက် ဘေးကိုလှည့်လိုက်တော့သူ့ရဲ့တောက်ပရွှန်းစိုတဲ့မျက်လုံး လေးတွေဝိုင်းစက်သွားပြီး ပါးစပ်ကိုကျယ်ကျယ်ဟကာ "မာမီ"လို့ခေါ်လိုက်တော့မလိုဖြစ်သွားတာကိုအမြန်ပြန် ထိန်းချုပ်ကာအဲဒိ့အစား.. "အန်တီ"လို့ခေါ် လိုက်သည်။

အနည်းငယ်မယုံနိုင်သလိုဖြစ်နေတဲ့ကလေးကိုကြည့်ရင်း လင်ရှန်းနှလုံးသားကနစ်မြုပ်သွားသလိုခံစားရသည်။သူမ ကသူ့ခေါင်းကိုဖွဖွပွတ်ရင်း..

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now