Chapter 30 - U/Z

2K 235 1
                                    

ဟူး..!!! ဒီလူကတကယ်လန့်စေတယ်...!!

ဝန်ထမ်းကစီစီတီဗွီကိုပြန်ဖွင့်ပြခဲ့သည်။သူ့ဆရာစိတ်မ ရှည်တော့တာကိုခံစားမိတဲ့ အန်းရန်ကအမြန်ထပ်ပြော လိုက်သည်။

"ဒီနေ့မနက်ပိုင်းထဲကစဖွင့်ပါ.."

အရောင်းမိန်းကလေးမျက်နှာကပိုပိုဖြူဆုတ်လာသည်။

ဆိုင်တံခါစဖွင့်တဲ့လူကလင်ရှန်းကိုဂါဝန်ရောင်းပေးတဲ့မိန်း ကလေးဖြစ်သည်။ စတိုးဆိုင်ဖွင့်ပြီးနောက် သူမသည် တစ်နေ့တာလုပ်ငန်းအတွက် ပြင်ဆင်မှုအချို့ကိုစတင်ပြု လုပ်ခဲ့သည်။

နောက်သုံးမိနစ်လောက်မှာသူကဂါဝန်တွေကိုသပ်ရပ်ဖို့ လုပ်ရင်းလက်သည်းနဲ့ဇာအနားကိုပြဲသွားစေခဲ့သည်။သူမ ကစီစီတီဗွီကိုထိတ်လန့်တကြားမော့ကြည့်လိုက်ပီးတော့ ဘယ်သူမှအနားမှာမရှိတာမြင်တော့စီစီတီဗွီကိုတခြား ဘက်ကိုလှည့်လိုက်သည်။

လင်ရှန်းကအရောင်းမိန်းကလေးကိုကြည့်လိုက်ပြီး..

"ဟေး..မိန်းကလေး..ဘာစောင့်နေတာလဲ?အဲဒိ့မှာသက် သေ..နင်အခုနင့်ဘိုးဘေးကိုအရိုသေပေးဖို့အချိန်တန်ပြီ!"

ကျွင်းရှီရန်ကလင်ရှန်းရဲ့အောင်နိုင်သူအပြုံးကိုတစ်ချက် ကြည့်ုလိုက်သည်။သူမအပြုံးကသူ့ရင်ထဲတည့်တည့်လင်းလက်လာပီးသူ့နှလုံးသားအခန်းကို ထွန်းညှိထားလိုက်တဲ့ အလင်းတန်းတစ်ခုလို..သူ့နှလုံးသားကို ဖုံးအုပ်ထားတဲ့ အအေးဓာတ်က ညင်ညင်သာသာ ကွဲအက်လာတယ်။

Beauty bloger ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကမှတ်ချက်တွေ စတင်ပြောင်းလဲလာပီးလင်ရှန်းကိုဦးဆောင်တိုက်ခိုက်နေတဲ့လော့ရှင်းပရိတ်သတ်တွေကနောက်ပြန်ဆုတ်သွားကြ သည်။

အခုတော့ပွဲကပြောင်းပြန်ဖြစ်ကာအရောင်းစာရေးကတရားခံဖြစ်သွားပြီ။ပြသနာရှာနေတဲ့လူတွေကတိတ်တဆိတ်သူတို့မှတ်ချက်တွေကိုဖျက်ကာတိတ်တဆိတ်ထွက်သွားကြ သည်။အချို့ကတော့အားမရသေးဘဲလင်ရှန်းကိုဆက်ပြီး ဝေဖန်နေတုန်းဖြစ်သည်။သို့သော်..ရလဒ်ကိုခြုံကြည့်ရင် အပြုသဘောဆောင်တဲ့မှတ်ချက်တွေပိုများလာသည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now