Chapter 23 - U/Z

2.2K 226 1
                                    

ဟဟဟ!

ဒီအကြောင်းကို ုတွေးလေသူမ ပိုပျော်လာလေပါပဲ။

ကျွင်းရှီရန်ကထမင်းနှစ်လုပ်သုံးလုပ်စားပီးနောက်တူနဲ့ ထမင်းဗူးကိုလင်ရှန်းကိုပြန်ပေးလိုက်သည်။

သူ့လှုပ်ရှားမှုတိုင်းကယဉ်ကျေးသိမ်မွေ့ပြီးကြည့်ကောင်း နေကာ..မြင့်မြတ်သောတဲ့လူလိုခံစားရသည်။သူက အနည်းငယ် ခေါင်းညိတ်ပြီး

"မင်းရဲ့ ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးတင်ပါတယ်"

လင်ရှန်းကမျက်ခုံးအနည်းငယ်တွန့်လိုက်ကာမေးလိုက် သည်။

"ရှင်အဲလိုနဲနဲလေးပဲအမြဲစားနေကျလား?"

"ကျွန်တော်..နေ့လည်စာစားပြီးလို့ပါ..."

ကျွင်းရှီရန်ကသူစကားမပြောခဲ့တာအရမ်း..အရမ်းကိုကြာ နေပြီလို့တွေးမိသည်။သူမနဲ့တော့သူပေ့ါပါးစွာစကားတွေ ပြောချင်မိသည်။

"ဒါဆိုလဲပီးရော!" လင်ရှန်းကသူနဲ့တစ်မီတာအကွာက ခုံကိုပြန်ရွှေ့လိုက်ပြီးနေ့လည်စာစားလိုက်သည်။

"ကျွန်မတိတ်တိတ်လေးနေမယ်..ရှင်အိပ်လိုက်တော့.. ကျွန်မမှာအချိန်၃နာရီပဲရှိတယ်..နေ့လည်၃နာရီခွဲရင် နောက်ထပ်ရိုက်ကူးရေးရှိတယ်"

နောက်ကြည့်မှန်မှတဆင့် အန်းရန်ကတကယ်ပဲတိတ်တ ဆိတ်နေ့လည်စာစားနေတဲ့လင်ရှန်းကိုသတိထားကြည့်မိ လိုက်သည်။သူမကပြောတဲ့အတိုင်းတကယ်ပဲပါးစပ်သေး သေးလေးဖြင့် ဖြည်းဖြည်းချင်းအသံမထွက်ဘဲစားနေ သည်။ အစားအသောက်မွှေးရနံ့မှလွဲ၍ တစ်စုံတစ်ယောက် အနားမှာအစားစားနေတယ်လို့မထင်ရပေ။

အန်းရန်ကနေ့လည်စာထမင်းဘူးထဲကအစားအစာများကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။

တတိယသခင်ကအစားသောက်ကောင်းကောင်းမစားနိုင် သလောက်..သူမကတော့..အလွန်ခံတွင်းကောင်းပုံပေါ်နေ သည်။ရုပ်ရှင်ကြယ်ပွင့်တစ်ဦးဖြစ်သော်ငြားလည်း သူမက ခန္ဓာကိုယ်ကိုသိပ်ဂစိုက်ပဲမရဘဲအများကြီးစားနေသည်။အဆီတွေတက်လာမှာမကြောက်ဘူးလားမသိဘူး။

သုံးနာရီကြာပြီးနောက်...

လင်ရှန်းညင်သာစွာထရပ်ကာ လျင်မြန်စွာ အိပ်ပျော်နေဆဲ ဖြစ်သော ကျွင်းရှီရန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ လက်ထဲတွင်ထမင်းဗူးကိုကိုင်လျက်ကားတံခါးကိုညင်သာ စွာဖွင့်လိုက်သူ့အိပ်ချိန်ကို မနှောင့်ယှက်မိအောင် သတိ ထားကာ တိတ်တဆိတ် လှုပ်ရှားလိုက်သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now