Chapter 20 - U/Z

2.3K 249 1
                                    

လော့ရှင်းကတကယ့်ဇာတ်လိုက်မအရှိန်အဝါအပြည့်ရှိသူပဲ သူမကမောက်မာကာအထက်စီးကပြောနေပြီးဟန်ဆောင် ခြင်းကင်းကာပွင့်လင်းတဲ့ပုံလို့မြင်စေပြီးသူမလုပ်ချင်တာ လုပ်ပြောချင်တာပြောခွင့်အပြည့်ရှိနေသူလိုပဲ။

ဟော်ချီရိုက်ကွင်းကိုရောက်လာတော့..လင်ရှန်းနဲ့ကုရှန်း တို့ပါဝင်တဲ့အခန်းကိုရိုက်ကူးနေသည်။

ဒီဇာတ်ဝင်ခန်းမှာ..ဧကရီတောင်းဆိုပေးလို့ကြင်ယာတော် နေရာတစ်ခုကိုရခဲ့တဲ့ ပိုင်ကျင်းဖန်(လင်ရှန်း)ကိုလက်ရှိ ဧကရာဇ်(ကုရှန်း)နဲ့အဆင်ပြေနေတာကိုရိုက်ကူးနေတာ ဖြစ်သည်။

တကယ်ဆိုဧကရာဇ်ကမလာချင်ပေမယ့်ဧကရီဖြစ်တဲ့ ရှောင်းဝမ်ကျင်းကသူမညီမကိုလဲမျက်နှာသာပေးတဲ့အနေနဲ့သွားလည်ပတ်ပေးဖို့တောင်းဆိုခဲ့လို့လာရတာဖြစ် သည်။

ရိုက်ကူးရေးမှာလက်ရှိအာရုံစိုက်နေသူတွေကလွဲရင်..မီဂါ စကားဟော်လာတာကိုအားလုံးကသတိထားမိကြပြီးသူ့ကို တစ်ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်နေကြ သည်။

ဟော်ချီကချောမောလှပသောမျက်နှာပေါ်တွင်ပြေပြစ်နူးညံ့ သာအပြုံးနဲ့လူတိုင်းကိုအသိအမှတ်ပြုကာပြန်လည်နှုတ်ဆက်သည်။

သူကလက်မှတ်လာယူတဲ့မိန်းကလေးကိုလက်မှတ်ထိုးပေး ရင်းကဘေးနားမှာဝိုင်းနေတဲ့လူတွေကိုကြည့်ကာ...

"ကျွန်တော်ဒါရိုက်တာဝမ်နဲ့တွေ့ချင်လို့တခြားလူတွေကို နောက်မှထပ်ပီးလက်မှတ်ထိုးပေးပါ့မယ်"

မိန်းကလေးတွေကသူ့အပြုံးကိုကြည့်ပီးနှလုံးခုန်နှုန်းမြန် နေကြကာမျက်နှာလေးတွေနီရဲနေသည်။ကျန်လူများကလဲ သံလိုက်ဓါတ်ပါတဲ့အသံချိုချိုကြောင့်တစ်ကိုယ်လုံးထုံကျင် သွားသလို ခံစားလိုက်ရသည်။

"Ahhh! Ahhh! Ahhh!"

သူတို့အိုင်ဒေါကအလွန်နူးညံ့သိမ်မွေ့ပြီးသူတို့အတွက် မျှော်လင့်စရာမကောင်းလောက်အောင်ချောမောတဲ့ ရုပ်ရည်ရှိသည်။

ဝမ်ရှီကဟော်ချီအနားရောက်လာတဲ့အထိသတိမထားမိ သေးဘူး။သူ့မျက်ဝန်းများကစိတ်ဝင်စားမှုနဲ့နေတောက်ပ နေပြီးရိုက်ကူးရေးမှာအာရုံအပြည့်အဝထားထားသည်။သူတို့နှစ်ယောက်အတူသရုပ်ဆောင်တဲ့အခန်းတွေမှာဆို မင်းသားနဲ့မင်းသမီးအခန်းတွေထက်ပိုစိတ်ဝင်စားဖို့

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now