Chapter 84 - U/Z

1.7K 179 0
                                    

"အဟွတ်, အဟွတ်." လင်ရှန်းကပြင်းထန်စွာရုန်းကန်၏.. အောက်ဆီဂျင်ရုတ်တရက်ပြတ်သွားတာကသူမနှလုံးကို ကိုက်ခဲနာကျင်စေသည်။

သူမ တကယ်ပဲ သူ့ကို တံတွေးနဲ့ထွေးပစ်ချင်တယ်။

သို့သော်သူမကံကြမ္မာကအခြားသူလက်ထဲတွင်ရှိနေတာ မို့သူ့ကိုစိုက်ကြည့်နေသော်လည်းသူမဘာမှမပြောနိုင်ပေ။

ကုရှန်းမျက်ဝန်းကပိုနီမြန်းလာပီးအားသုံးကာသူမကိုမြေ ပြင်ပေါ်ကနေဆွဲမတော့မိမလိုထင်ရသည်။

ထိုအမျိုးသမီးရဲ့ခြေထောက်တွေမြေပြင်ပေါ်မှဖြည်းညှင်း စွာကြွလာပီးမျက်နှာပေါ်တွင် နာကျင်ပြီး အသက်ရှူကျပ် နေတာကိုမြင်ရတော့ကျေနပ်ပီတိကို ခံစားလိုက်ရသည်။

"အခုဘယ်လိုခံစားရလဲသိပြီလား?မင်းရှင်းရှင်းကိုလုပ်ကြံ တုန်းက..သူမဒိ့ထက်ပိုနာကျင်ရတယ်ဆိုတာကိုမင်းတွေးဘူးလား?"

ရဲကဘာသက်သေမှရှာမတွေ့ဘူး။အဲဒါသူမရဲ့မကောင်း ဆိုးဝါးလုပ်ရပ်ပါလို့ဘာသက်သေမှမရှိဘူ။

ဒါပေမယ့်ဒီလိုမကောင်းဆိုးဝါးမိန်းမကကိုသူ့လက်နဲ့ကိုယ် တိုင်အပြစ်ပေးရမယ်။

သူမရှေ့ကလူကို စူးစူးဝါးဝါးစိုက်ကြည့်ရင်း လင်ရှန်းမျက် လုံးများတွင် အမုန်းတရားများ လှိမ့်ဆင်းလာသည်။

"ဘယ်လိုလဲ..အရသာရှိလား?"

ကုရှန်းမျက်နှာကအပြုံးကညစ်ညမ်းမှုနဲ့ဆိုးယုတ်မှုတွေနဲ့ ပြည့်နေသည်။သူကထိုမိန်းကလေးရဲ့လှောင်ပြောင်တဲ့ မျက်ဝန်းတွေကိုတွေ့တော့ပိုပြီးဒေါသထွက်သွားကာအံ ကြိတ်လိုက်ရင်း.."နင်ကခုထိအမှားကိုသိသေးပုံမရဘူး"

ဟမ့်!

သူမမျက်လုံးမှာနောင်တတစ်စုံတစ်ရာတောင်မရှိဘူး!

လှောင်ပြောင်မှုသက်သက်ပဲရှိတယ်။

အရိုးထိအေးစိမ့်စေတဲ့လှောင်ပြောင်မှုတွေ။

ထိုအသိကကုရှန်းကိုပိုဒေါသဖြစ်စေပြီးသူ့လက်ရဲ့ခွန်အားကိုပိုတိုးလိုက်မိသည်။

လင်ရှန်းကသူမစိတ်ထဲဗလာဖြစ်သွားသလိုခံစားလိုက်ရပီး သူမရှေ့ကရွံရှာဖွယ်မျက်နှာမှာ တဖြည်းဖြည်း မှုန်ဝါးလာ သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now