Chapter 51 - U/Z

1.7K 174 1
                                    

ရင်းနှီးသောအသံကို သူမကြားလိုက်သောအခါ လင်ရှန်း နှလုံးသားကနားမလည်နိုင်စွာအေးဆေးသက်သာသွားပြီးသူမကဘီးတပ်ကုလားထိုင်တွန်းလာတဲ့အန်းရန်ဘက်ကို ကြည့်လိုက်သည်။

ဘီးတပ်ကုလားထိုင်ပေါ်ရှိ အမျိုးသားက.. ဆန်းပြားသော ကျက်သရေရှိမှုကိုထုတ်လွှတ်နေပေမယ့်သူမတစ်ခါမှမကြုံ ဘူးတဲ့အေးစက်မှုကိုလဲခံစားရစေတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကိုအထက်စီးကမောက်မာစွာ ကြည့်နိုင်တဲ့အောင် နိုင်သူတစ်ယောက်ရဲ့အငွေ့အသက်လည်း ရှိသည်။

သူနဲ့တွေ့တိုင်းသူကနားလည်ပေးတက်ကာချဉ်းကပ်ရ လွယ်တဲ့လူလို့ပဲသူမခံစားခဲ့ဘူးတာ။

ဒါပေမယ့်အခုအချိန်မှာ..ထိုလူဆီကကြောက်မက်ဖွယ် အေးစက်မှုနဲ့စိမ်းသက်တဲ့ခံစားချက်ကိုခံစားရစေပြီးသူ့ နားကဝေးဝေးနေချင်စိတ်ဖြစ်စေသည်။

"ဘာဖြစ်တာလဲ?" ကျွင်းရှီရန် သင်္ဘောလက်ရန်းဘေးက အမျိုးသမီးငယ်လေးကို လှမ်းကြည့်လိုက်တယ်။

သူ့မျက်ဝန်းများကသူမရဲ့နှင်းလိုဖြူနေတဲ့ပခုံးသားများနဲ့ နူးညံ့တဲ့ ညှပ်ရိုးများပေါ်တွင်ကျရောက်သွားကာမျက်ဝန်း ကအနည်းငယ်မှိန်ဖျော့သွားသည်။

ဘာလို့သူမကအဝတ်စားနဲနဲလေးဝတ်တာလဲ?

ဘာလို့ဒီလောက်အသားတွေပေါ်နေတာလဲ?

သူကဒီမှာလေလံတင်တဲ့သူဖြစ်ပေမယ့်ပွဲလာတက်ဖို့ရည် ရွယ်ချက်မရှိဘူး။ဒါပေမယ့်အန်းရန်ကဒီနေ့ပွဲကိုသူမလာ မယ်လို့ပြောခဲ့တယ်။ဘာလို့မှန်းမသိဘူးသူသူမကိုအရမ်း တွေ့ချင်မိခဲ့တယ်။

လင်ရှန်းကသူ့ကိုတွေ့တော့ချက်ခြင်းပဲဝမ်းနည်းအားငယ်မှုလိုအရာကိုခံစားမိပြီးအသံတုန်တုန်နဲ့ပြောလိုက်သည်။

"တတိယသခင်ကျွင်း..သူပေါ့..ကျွန်မမိသားစုအမွေ.. Palpitate ကိုမြစ်ထဲပစ်ချလိုက်တယ်"

"နင်ကသာငါ့ရဲ့ Dzi ဟန်းချိန်းကိုမြစ်ထဲပစ်ချခဲ့တာ"

ဟော်ဟွမ်ကျိုးကကျွင်းရှီရန်ရှေ့မှာအရမ်းစည်းမကျော်ရဲ ဘူး.."တတိယသခင်ကျွင်း..သူမမှာ Palpitate မရှိဘူး.. သူမကသက်သက်အယောင်ဆောင်နေတဲ့..အဲဒိ့မိန်းမက လူလိမ်!"

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now