Chapter 55-U/Z

1.9K 198 0
                                    

ကျွင်းရှီရန်ကတစ်ချက်ကြည့်တာနဲ့အဲဒိ့ကောင်မလေးတစ်ခုခုမှားနေသလိုခံစားမိတယ်။ သူ့မျက်နှာက နီရဲနေပြီး အဖျားတက်နေသလိုပဲ။ သူမျက်မှောင်ကြုတ်လိုက်သည်။

"မင်းနေမကောင်းဘူးလား?"

လင်ရှန်းကခေါင်းခါရင်း.."ဝိုင်သောက်တာနည်းနည်းမူး သွားလို့နေမယ်"

ဒီခန္ဓာကိုယ်ကအရက်ကိုခုခံနိုင်စွမ်းနည်းမယ်လို့သူမမျှော်လင့်ခဲ့မိဘူး။စောတုန်းကခွက်တစ်ဝက်ကျော်လေးပဲ သောက်ထားတာအခုမူးနေပြီ။

"မင်းတနေနေရာမှာနားချင်လား?" ကျွင်းရှီရန်မျက်ဝန်း တွေကနက်မှောင်နေသည်။သူမကဝိုင်မူးနေတာနဲ့မတူနေဘူး။

"မလိုဘူး..မလိုဘူးရတယ်.." လင်ရှန်းကချက်ခြင်းခေါင်းခါ လိုက်သည်။

"ကျွန်မကြောင့်အချိန်ကုန်မိစေပြီ..ကျွန်မရှင့်ကိုအထဲခေါ် သွားပေးရမလား!"

ကျွင်းရှီရန်ကပြုံးရင်းလူကြီးလူကောင်းဆန်စွာလက်တစ် ဘက်ကိုရင်ဘတ်ပေါ်တင်ကာပျော့ပြောင်းတဲ့လေသံနဲ့ ပြောလိုက်သည်။

"ဒါဆို..လင်မိန်းကလေးကိုပဲဒုက္ခပေးရတော့မှာပဲ!"

"ဟုတ်ကဲ့..မစ္စတာကျွင်း.."

လင်ရှန်းကသူ့ကို ပြုံးချိုချို ပေးကာ ဘီးတပ်ကုလားထိုင်ကို တွန်းချသည်။

သူမခေါင်းကအနည်းငယ်လေးလာသည်ဟု ခံစားမိသော် လည်း နောက်ပိုင်းခန်းမကအအေးအချို့သောက်ပြီးတဲ့ နောက်ပိုကောင်းလာသည်။

လေလံပွဲစတင်နေတာကြာပြီဖြစ်ပြီးတုချင်းချင်းက..ရှုချင်ရဲ့အတင်းအကြပ်တိုက်တွန်းမှုနဲ့အလယ်ဗဟိုကနေရာမှာသူ နဲ့အတူထိုင်နေရသည်။

လင်ရှန်းကကျွင်းရှီရန်ဘီးတပ်ကုလားထိုင်ကိုတွန်းပြီး ခန်းမထဲဝင်လာတာကိုတွေ့တော့မနာလိုမှုများကသူမ နှလုံးသားထဲမှာမိုးခြိမ်းသံလိုလှိုင်းထနေသည်။ သူမက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လှပတဲ့ လက်သည်းများကသူမလက်ဖဝါးထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်စေသည်။

မဖြစ်နိုင်တာ!ဒါလုံးဝမဖြစ်နိုင်ဘူး!

ဒီမကောင်းတဲ့ကောင်မလေးနောက်ကစပွန်ဆာကတတိယသခင်ကျွင်းဘယ်လိုမှမဖြစ်နိုင်ဘူး!

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now