Chapter 17 - U/Z

2.3K 233 1
                                    

လင်ရှန်းကရုပ်ရှင်အဖွဲ့သားများဒီရက်ပိုင်းမှာအကောင်း ဆုံးပူးပေါင်းဆောင်ရွက်ခဲ့တယ်.. ဒါရိုက်တာ ဝမ်ရှီက သူမရဲ့သရုပ်ဆောင်မှုစွမ်းရည်ကို အလွန်ကျေနပ်နေ သည်။သူမရဲ့ဆိုးဝါးတဲ့ဆိုးဝါးတဲ့သရုပ်ဆောင်မှုတွေအပြု အမူတွေကိုရပ်လိုက်ပီးနောက်မှာ သူမအပေါ်ထားရှိသော သူ့သဘောထားသည်ပင် ပြောင်းလဲသွားခဲ့ပြီး ရုပ်ရှင်အဖွဲ့သားအားလုံးက သူမအပေါ် ပိုမိုကောင်း မွန်သော အမြင်နဲ့ဆက်ဆံလာကြသည်။

ဇာတ်လိုက်မလော့ရှင်းကတော့အရင်အတိုင်းပဲမပြောင်းလဲ ဘူး။သူမကအလုပ်သဘောအရပဲအေးစက်တာလဲမဟုတ် နွေးထွေးတာလဲမဟုတ်ဆက်ဆံတက်သည်။ဒါပေမယ့်သူမ မျက်ဝန်းတွေကတော့ပြောင်းလဲနေပြီးသူမကိုရန်သူလို ကြည့်တက်လာသည်။

ဇာတ်လိုက်ကလဲသူမပေါ်ဆက်လက်မကြည်လင်နေဆဲ ဖြစ်သည်။ ရိုက်ကူးရတဲ့အချိန်ကလွဲလို့ပေါ့။လင်ရှန်းကို တွေ့တိုင်းသူမကဟန် ဆောင်ပီးသူ့စိတ်ဝင်စားမှုကို အမြဲရယူဖို့ကြိုးစားနေတယ် ဆိုတဲ့ခံစားချက်ကပဲသူ ခံစားနေရသည်။

အမျိုးသားဇာတ်ပို့လီချွမ်ကမနှစ်ကလိင်တူဇာတ်ကားနဲ့ နာမည်ကြီးလာသဖြစ်သည်။ ချောမောသန့်ပြန့်တဲ့ရုပ် ရည်ကကုရှန်းနဲ့ယှဉ်နိုင်သည်။ဒါပေမယ့်သူကလွတ်လပ် ပွင့်လင်းပြီးပေါ့ပါးစွာနေတက်တဲသူဖြစ်သည်။ လင်ရှန်းနဲ့ ဂိမ်းအတူကစားပီးနောက်.. သူတို့နှစ်ဦး၏ဆက်ဆံရေး သည် သိသိသာသာတိုးတက်ကောင်းမွန်လာပြီး 'ညီအစ် ကိုများ' ဖြစ်လာပုံရသည်။

ဇာတ်ပို့မင်းသမီးရှန်ကျားရန်ကလီချွမ်နဲ့ရင်းနှီးတယ်..ဘာလို့လဲဆိုတော့သူတို့ကတက္ကသိုလ်တွင် အတန်းဖော်များ ဖြစ်သည်။ နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်ခဲ့ဖူးသော် လည်းအောင်မြင်မှုကဆက်တိုးတက်ခြင်းမရှိဘဲလေးနှစ် လုံးလုံးသူမငြိမ်သက်နေခဲ့သည်။သူမကလဲရင်းနှီးလွယ်သူ ဖြစ်ပီးစိတ်ကောင်းရှိကာကျန်းနန်ဘက်ကလူတွေပုံစံ အတိုင်းအမြဲပြုံးနေတက်သည်။

လင်ရှန်း ရိုက်ကူးရေးနေရာသို့ ရောက်သောအခါ၊ ရှန်ကျားရန်ကသူမကိုရိုက်ကွင်းထောင့်တစ်ခုကိုဆွဲခေါ် သွားလိုက်ပြီးတီးတိုးပြောလိုက်သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now