Chapter 53-U/Z

1.8K 191 4
                                    

အန်းရန်စကားကိုကြားတော့အနီးနားကလူတွေအားလုံးက ဟော်ဟွမ်ကျိုးကို အမျိုးမျိုးသော အမူအရာများဖြင့် ကြည့် ကြသည်။

တတိယသခင်ကိုရန်စသလိုဖြစ်သွားတဲ့သခင်လေးကျိုးက အကင်ခံရမှာသေချာတယ်။ယခုရှောင်လွှဲလို့ မရတော့ပါ။ သူကမြစ်ထဲသို့ ခုန်ဆင်းပြီးရေကူးရပေမည်။

အားလုံးကလင်ရှန်းကိုပြန်ကြည့်လိုက်ကြတယ်။သူတို့ရဲ့ သဘောထားကပြောင်းလဲသွားပီးသူမကိုရန်စောင်နေခြင်း မရှိတော့ဘူး။

တတိယသခင်ကျွင်း..ကာကွယ်ထားတဲ့လူကို မစော်ကား သင့်ဘူး။မဟုတ်ရင် သူတို့သေဆုံးရတဲ့အကြောင်းရင်းကို မသိဘဲ သေဆုံးရလိမ့်မယ်။လောလောဆယ်သခင်လေး ကျိုးကိုပဲကြည့်။

ဟော်ဟွမ်ကျိုးကဒေါသနဲ့ပိတ်လှောင်နေရင်းသူ့ခါးသီးမှုကို မဖော်ပြနိုင်ဘူး။ နောက်ဆုံးသူကသူ့ဒုက္ခသူရှာခဲ့သူပဲ။ သူထိပ်တိုက်တွေ့မိသူကနာမည်ဆိုးဖြင့် ရက်စက်ကြမ်း ကြုတ်တဲ့တတိယသခင်ကျွင်းဖြစ်ခဲ့တာမို့သူအံတွေကြိတ် ရင်းခါးသီးမှုကိုသာမျိုချနိုင်ခဲ့သည်။

လင်ရှန်းကသူ့ရဲ့မုန်းတီးသူစာရင်းမှာထိပ်ဆုံးကဖြစ်သည်။

ကျွင်းရှီရန် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ယဉ်ကျေးစွာ ပြုံးပြလိုက်ကာ"သခင်လေးကျိုးတောင်းပန်လိုက်ပါအုန်း!"

ဟော်ဟွမ်ကျိုးကလင်ရှန်းကိုဓါးလိုထက်ရှတဲ့အကြည့်တွေနဲ့ပစ်သတ်နေရင်းသူ့မှာသွေးအန်မိတော့မလိုဖြစ်နေ၏

ဒီမကောင်းတဲ့ကောင်မကိုတောင်းပန်ရမယ်?

ဘာအရည်အချင်းရှိလို့လဲ?

"ဘာလဲ..သခင်လေးကျိုးကိုငါကဘယ်လိုတောင်းပန်ရမလဲဆိုတာကိုသင်ပေးဖို့လိုလို့လား?" ကျွင်းရှီရန်အသံက မကျယ်ပေမယ့်တည်ငြိမ်အေးစက်နေသည်။

ဒါပေမယ့်ကမ္ဘာပေါ်မှာအချို့လူတွေကဘာမှစကားမပြောဘဲထိုင်နေရင်တောင်တခြားလူကိုဒူးထောက်အောင်လုပ် နိုင်စွမ်းရှိတဲ့အရှိန်အဝါရှိသူတွေဖြစ်သည်။

ဟော်ဟွမ်ကျိုးမျက်နှာကမည်းမှောင်သွားသည်။

သူဘာမှားခဲ့လို့လဲ? ဒီမကောင်းတဲ့ကောင်မကိုအနည်း ငယ်ဒုက္ခပေးချင်ရုံပဲလုပ်ခဲ့တာ။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now