Chapter 92 - U/Z

1.7K 170 1
                                    

ကုရှန်းပရိသတ်များသည် အနုပညာအသိုင်းအဝိုင်းတွင် ပြင်းထန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော တိုက်ခိုက် စွမ်းရည်များကြောင့် လူသိများသည်။ သာမာန်အားဖြင့်၊ သူနဲ့အမျိုးသမီး အနုပညာရှင်များကောလဟာထွက်ရင် တိုက်ခိုက်မှုကပိုမိုပြင်းထန်တယ်။

ဆေးရုံပေါ်က ကုရှန်းရဲ့မျက်နှာက ပြာယာခတ်သွားတယ်။ ဖုန်းကိုင်ထားတဲ့သူ့လက်ကထိန်းမနိုင်သိမ်းမရတုန်နေပြီး..

"လူယုတ်မာကောင်မ!"

တောင်းပန်ရမယ်?

သူမကဘာအရည်အချင်းရှိလို့လဲ?

သူ့ကို ရိုက်နှက်ပြီး ဒီအခြေအနေအထိ ရောက်အောင် ပို့ပေးခဲ့တဲ့အတွက် သူမကို တောင်းပန်စရာ မရှိဘူး။ တွေးလေလေ ဒေါသပိုထွက်လေလေဖြစ်သည်။

ဒေါသထွက်လွန်းလို့သူမကိုသတ်ပစ်ချင်တယ်။

ဒါပေမယ့်...

ကျွင်းလင်: @ကုရှန်း..တောင်းပန်ပါ..။

ကျွင်းလင်အကောင့်ကတက်လာတဲ့စာကိုကြည့်ပြီးတော့.. ကုရှန်းမျက်နှာမည်းမှောင်သွားသည်။

ယခုမှမည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိတဲ့အိုင်ဒေါ ပရိတ်သတ်တစ်ယောက်ကသူ့ကိုအပြစ်တင်ဝံ့သေးတာလား။

ကျယ်လောင်တဲ့အသံနှင့်အတူ သူ့ဖုန်းကကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဒါပေမယ့်ထိုအချိန်မှာဖုန်းမြည်သံကထွက်လာသည်။

သူ့အေးဂျင့် မာလင်းက ဝင်လာပြီး သူ့ဖုန်းကို ကောက်ကိုင် လိုက်သည်။ ဖန်သားပြင်ပေါ်ရှိ စကားလုံးများကို သူမ

မြင်သောအခါ သူမ၏အမူအရာမှာ ရှုပ်ထွေးသွားပြီး

"တတိယသခင်ရဲ့နံပါတ်ပဲ" ဟုလေးလေးစားစားပြောခဲ့ သည်။

ကုရှန်းအမူအယာကပြောင်းလဲသွားပြီးဖုန်းချက်ခြင်းကိုင် လိုက်သည်။

"တတိယဦးလေး.."

သူဆက်မပြောရသေးခင်တစ်ဘက်ကစိတ်အလိုမကျတဲ့ အသံကိုကြားလိုက်ရသည်။

"မင်းဘာလို့မတောင်းပန်သေးတာလဲ?ငါမင်းကိုတောင်း ပန်ဖို့ပြောထားတာကို..ဖုန်းခေါ် ပြီးပြောရအုန်းမှာလား?"

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now