Chapter 75 - U/Z

1.7K 173 1
                                    

[ငါ မင်းနဲ့ သံပုရာပင်အောက်မှာ ရှိတယ်၊ ဘာလို့ သံပုရာသီးလောက် အချဉ်တောင် မခံစားနိုင်ရတာလဲ။]

[Bigshot ငါဒူးထောက်တယ်။ Bigshot နင်ငါ့ကိုဘယ်လို ထင်လဲ။မင်းတစ်ယောက်ယောက်ကိုလိုအပ်နေသေးလား]

[လင်ရှန်း၊ ကံကောင်းပါစေ။ အန်ကယ်က မင်းအတွက် မျှော်လင့်ချက်ကြီးတယ်။ ဒီလို အပြုသဘောဆောင်တဲ့ စွမ်းအင်မျိုးက ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်မှာ အလို အပ်ဆုံးပါပဲ။ Like လေးပေးပါရစေ။]

[လူငယ်တွေ မျိုးချစ်စိတ်ရှိမှ တိုင်းပြည်ခိုင်ခံ့မယ်။ ပရဟိ တလုပ်တာက တိုင်းပြည်နဲ့လူမျိုးအတွက်ကောင်းပါတယ်။ လင်ရှန်းကလက်ရှိလူငယ်မျိုးဆက်များတွက် စံပြကောင်း တစ်ဦး ဖြစ်လာသည်။ သူမကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။]

[အဲဒီမိန်းမကငွေဖောင်းပွမှုဖန်တီးဖို့ ပိုက်ဆံအများကြီး ထုတ်ပြီးပွဲရှာနေတာ။ချမ်းသာတဲ့သူတွေနဲ့ မပေါင်းနဲ့။ သူမကစောက်ရမ်းချမ်းသာတယ်လို့ပြောရမယ်]

[ထွက်သွားပြီးမနာလိုနေလဲသေလိုက်ကြ။နင်တို့ကျတော့ မလုပ်ပြနိုင်ဘဲကမောက်ကမဖြစ်အောင်လာမပြောနဲ့..ဒါ ကသူမတမင်ပွဲရှာတာဆိုတာဆိုရင်..နင်လဲအဲလိုသုံးပြီးပွဲ ရှာပြလေ..လင်ရှန်းတောင်နင့်ပရိတ်သတ်ဖြစ်လာလိမ့် မယ်...]

[Troll တွေပျောက်ကုန်ပြီ။မနာလိုဖြစ်လဲဘယ်သူကဂရု စိုက်မှာလဲ။ အပေါ်ကလူမှန်တယ်။ ဒါက10 သန်း ပရဟိတ ရန်ပုံငွေပါ။လူသိရှင်ကြားစတန့်တစ်ခုဆိုရင်တောင်လက်ခံ မှာပါ။ အနုပညာအသိုင်းအဝိုင်းမှာလင်ရှန်းလိုလူတွေထပ်ရှိ လာဖို့မျှော်လင့်ပါတယ်]

Weibo မှာရုတ်တရက်သူမနာမည်ရေပန်းစားစာရင်းများ ထဲမှာနေရာငါးခုလောက်ရပ်တည်နေတာကိုကြည့်ပြီးလင် ရှန်းကဆွံ့အသွားမိသည်။

မန်ရွှယ်လင်လဲသူမဆီဖုန်းခေါ်လာသည်.."ရှန်းရှန်း..နင် အိမ်မှာလား?Weibo ကိုကြည့်ပြီးပြီလား?နင်ရဲ့ fan က ဘာဖြစ်နေတာလဲ သူဘယ်သူလဲ?"

လင်ရှန်းကေ၀ဝါးဝါးနဲ့ "မသိဘူး..!"

"ဒီလူကအထင်ကြီးစရာပဲ..မိနစ်ပိုင်းလေးအတွင်းမှာပဲ.. ချက်ခြင်းအားလုံးကိုအလှည့်ပြောင်းဖြစ်အောင်လုပ်နိုင်ခဲ့ တယ်။ငါတော့သူ့နည်းကိုအရမ်းသဘောကျသွားပြီ!!"

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now