သူမကဟော်ချီစတူဒီယိုရဲ့ဒုတိယရှယ်ယာရှင်ဖြစ်ပြီး စတူ ဒီယိုနှင့်ကုမ္ပဏီ၏အမှုဆောင်ဥက္ကဋ္ဌလည်းဖြစ်သည်။ လွန် ခဲ့သည့် နှစ်နှစ်အတွင်းတွင် သူမကယခုနှစ်အစကဆုရခဲ့ တဲ့အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် တုချင်းချင်းရဲ့ မန်နေဂျာလဲဖြစ်သည်။
"ငါ့မျက်နှာက ပန်းတွေပွင့်နေလို့လား?ဘာလို့ဒီလောက် ကြည့်နေတာလဲ? ရောက်ပြီဆိုလဲတက်တော့"
မန်ရွှယ်လင်ကသူမလက်ရှိလုပ်ကိုသာအာရုံစိုက်နေသောကြောင့် သူမကိုပင် မကြည့်ခဲ့ပေ။
"အစ်ကိုချီမင်းကိုအကုန်ပြောပြပြီးလောက်ပီထင်တယ်။ဒီ တော့အများကြီးမပြောတော့ဘူး။မင်းင့ါကိုသိလား? ငါ့ကိုယ်ငါ မိတ်ဆက်ပေးစေချင်လား"
"မလိုဘူး..မလိုပါဘူး..ဒီအနုပညာအသိုင်းအဝိုင်းမှာအစ်မကိုမသိတဲ့သူဘယ်သူရှိမှာလဲအကြီးအကဲမန်?"
လင်ရှန်းကသူမကိုကြည့်ရင်းပန်းပွင့်လေးလိုပြုံးကာသူမ နားမှာဝင်ထိုင်လိုက်သည်။
"ကျွန်မကလင်ရှန်းပါ..ကျွန်မကိုညွှန်ကြားသင်ပြပေးဖို့အပ် ပါတယ်အစ်မမန်"
"အကြီးအကဲ?ငါကအဲလောက်အိုနေလို့လား?"
မန်ရွှယ်လင်ကရဲ့လှပတဲ့မျက်ဝန်းတွေတွန့်ကွေးသွားရင်း လက်ပ်တော့ပ်ကိုပိတ်ကာသူမကိုစေ့စေ့စပ်စပ်ကြည့်လိုက် သည်။
"ဟော်ချီကမင်းလိုပုံစံမိန်းကလေးတွေကိုကြိုက်လိမ့်မယ် လို့ငါမမျှော်လင့်ထားမိဘူး"
လင်ရှန်းကသူမအထင်လွဲနေတာကိုမှန်းဆမိတော့..
"အစ်မမန်..အစ်မထင်သလိုမဟုတ်ပါဘူး"
"မင်းတို့အတူနေတာဘယ်လောက်ကြာပီလဲ?"
မန်ရွှယ်လင်ကမေးလိုက်သည်။
"၂လမပြည့်သေးပါဘူး"
လင်ရှန်းက..အဟွတ်..ချောင်းဟန်ရင်းထူးဆန်းသလိုမေး ခွန်းကိုနောက်ဆက်တွဲအမြန်ဖြေလိုက်သည်..
"ဒါပေမယ့်အစ်မထင်နေသလိုအတူနေတာမဟုတ်ပါဘူး"
"မင်းကနှစ်ဆယ်ပဲရှိသေးတယ်မဟုတ်လား? သူကမင်းကို လက်ထပ်မယ်လို့ကတိပေးထားလား?"
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...