Chapter 63 - U/Z

1.8K 233 2
                                    

အဲဒိ့မြင်ကွင်းကဟော်ချီနှာခေါင်းကိုအနည်းငယ်ချဉ်စေ၏ (ငိုချင်သလိုဖြစ်လာတာ)သူ့ကမျက်နှာလွှဲရင်း..

"မနက်ဖြန်လေဆိပ်ကိုအစောကြီးသွားရမှာ..သွားအိပ် တော့မယ်..."

သူရေချိုးပြီးတဲ့အထိ သုံးယောက်သား ဆိုဖာပေါ်တွင် စကားစမြည်ပြောနေကြသေးတာကိုသူတွေ့လိုက်ရသည်။

"အမေ..လင်ရှန်းကမနက်ဖြန်ရိုက်ကွင်းရှိသေးတယ်.. နောက်ပီးရှောင်းချီလဲကျောင်းရှိတယ်။နောက်နေ့မှဆက် ပြောလို့မရဘူးလား?"

"နင်ကပဲပြောရတယ်ရှိသေးတယ်..နင်သာစောစောပြော ထားပါလား..ဒါဆိုငါအခုမှသိစရာမလိုတော့ဘူး..နင်နေဦး နင့်အဖေနင့်ကိုအရေခွံဆုတ်လိမ့်မယ်"

စုရှီရန်ကသူ့ကိုဒေါသဖြစ်နေသေးသလိုပုံနဲ့ကြိမ်းမောင်း လိုက်သည်။

ဟော်ချီ "အဖေ့ကိုအခုမပြောပါနဲ့ဦး...သားရိုက်ကူးရေးပြီး လို့ပြန်လာမှသားဘာသာပြောပါ့မယ်"

မဟုတ်ရင်ရုပ်ရှင်တောင်မရိုက်ရသေးခင်အိမ်မှာအရိုက်ခံ ဖို့ပြန်ခေါ်လိမ့်မယ်။

"ကောင်းပြီ..." စုရှီရန်ကမြေးမရှိလာတော့သားကအရှုပ် ထုတ်နဲ့ပိုတူလာသလိုခံစားရတယ်။

"နင်မြန်မြန်တော့ဝန်ခံလိုက်..ငါကြာကြာမဖုံးပေးထားနိုင် လောက်ဘူး"

"အမေအိမ်မပြန်ဘူးလား?နေ့တိုင်းဒီကိုလာနေရင်အဖေကသံသယဖြစ်လာရင်ဘယ်လိုလုပ်မလဲ"

"နင်ပြောတော့အလွယ်လေး..ဒါပေမယ့်ရှောင်းချီနဲ့ရှန်း ရှန်းကိုဘယ်လိုလုပ်မလ?ရှောင်းချီကိုဘယ်သူကျောင်းပို့ ပေးပြီးရှန်းရှန်းအတွက်ဘယ်သူကချက်ပြုတ်ပေးမှာလဲ.. နင်လား?"

"အိုကေ..မှားသွားပါတယ်..တစ်ပတ်လောက်ပဲအမေဖုံး ကွယ်ထားပေးပါ"

"အင်း..နင်သွားအိပ်တော့" စုရှီရန်ကစိတ်မရှည်စွာကြည့် လိုက်သည်။

လင်ရှန်းကမြေခွေးလိုပြုံးလိုက်ကာစုရှီရန်ဖက်ပြီးအားပါးတ ရနမ်းလိုက်ကာ.."အဖွား.."

စုရှီရန်မျက်နှာမှာအပြုံးကပိုကြီးသွားပြီးနူးညံ့တဲ့အသံနဲ့ပြန် ပြောလိုက်သည်။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now