ဟော်ချီကသူ့ကိုယ်ပိုင်စတူဒီယိုထောင်ပီးထဲက..ငယ်ရွယ် ကျော်ကြားတဲ့အမျိုးသား၊အမျိုးသမီးလေးများကသူ့စတူဒီယိုကိုဝင်ချင်ကြသည်။သူကတကယ်ထူးချွန်တဲ့အရည်အ သွေးကိုအကဲခတ်တက်တယ်လို့ပြောလို့ရတယ်။ ဘာလို့ လဲဆိုတော့သူ့စတူဒီယိုမှာလက်ခံထားတဲ့လူအများစုက တကယ်ကိုအောင်မြင်ထင်ရှားတဲ့နေရာရောက်သွားကြ တာချည်းပဲဖြစ်သည်။
"ဒါနဲ့ရှန်းရှန်းနင်ဘယ်ကုမ္ပဏီနဲ့လက်မှတ်ထိုးထားတာ လဲ?" ရှန်ကျားရန်ကလင်ရှန်းကိုစိတ်ပူသလိုကြည့်လိုက်ပြီး
"အထောက်ပံ့ကောင်းတွေနဲ့အနာဂတ်အသက်မွေးဝမ်း ကြောင်းမှာအောင်မြင်ဖို့ကုမ္ပဏီကအရေးကြီးဆုံးပဲ..ဒါ့ ကြောင့်ကုမ္ပဏီသေးသေးတွေနဲ့စာချုပ်မချုပ်နဲ့။ငါ့ကုမ္ပဏီကသူဌေးနဲ့ပြောပေးရမလား?"
လင်ရှန်းကသူမနဲ့စကားပြောရတာတကယ်စိတ်ပျက်ဖို့ ကောင်းတယ်ထင်မိသည်။သူမလေသံကမောက်မာနေပြီး တော့သူမကစာနာထောက်ထားဟန်ဆောင်နေပြီးသူမကို အထင်သေးနေတာသေချာနေရက်နဲ့သူမအကျိုးလိုလား သူလိုလဲဟန်ဆောင်နေသည်။ လင်ရှန်းကသူမဖုန်းက မတ်ဆေ့ချ်ကိုကြည့်ပီးတော့..
"ဟေး..အစ်မကျားရန်..ကျွန်မမှာကိစ္စလဲနဲနဲပေါ်လာလို့ .. အရင်သွားလိုက်အုန်းမယ်..."
ရှန်ကျားရန်က..
"ရှန်းရှန်း..နင်ဘယ်ကုမ္ပဏီနဲ့လက်မှတ်ထိုးထားတာလဲ?"
**ထုတ်ပြောဖို့တောင်နာမည်မရှိတဲ့ကုမ္ပဏီမို့လား..ငါသိသားပဲ**
ရှန်ကျားရန်ကသူမဘာသာတွေးလိုက်သည်။
"ဟော်ချီ စတူဒီယို" လင်ရှန်းတည်ငြိမ်စွာပြောလိုက်သည်။
ရှန်ကျားရန်အမူအယာကပြောင်းလဲသွားသည်။မနာလိုမှု တွေကသူမမျက်နှာနဲ့မျက်ဝန်းမှာပြည့်နေပြီးနူးညံ့တဲ့မိတ်ကပ်လူးထားတာတောင်ကြည့်ရဆိုးစေသည်။
လင်ရှန်းကကျွင်းရှီရန်လက်ထောက်အန်းရန်ဆီကမတ် ဆေ့်ချ်ရတယ်..သူတို့မြေအောက်ထပ်ကားပါကင်မှာ ရောက်နေတယ်လို့..သူမအားရင်ဆင်းလာခဲ့ဖို့လဲပြောခဲ့ သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Fiction généraleBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...