"Okay!"
ကုရှန်းကဒေါသထွက်လွန်လို့သူ့တစ်ကိုယ်လုံးပေါက်ကွဲ မတက်ဖြစ်နေသည်။လူနာတင်ယာဉ်ရောက်လာတော့.. သူကသူမကိုသတ်ချင်သလိုကြည့်ရင်းလော့ရှင်းကိုချီပွေ့ ကာထွက်သွားသည်။
"နင်မလုပ်ဘူးဆိုတာနင့်ဘာသာသေချာဖို့ပဲလုပ်ထား"
လော့ရှင်းကသူ့ခါးကိုပွေ့ရင်းလူကြားထဲကလင်ရှန်းကို.. တစ်ချက်ကြည့်လိုက်သည်။သူမမျက်ဝန်းတွေကနက်စွေး အေးစက်နေပြီး..မနာလိုမှုနဲ့ဒေါသတွေနဲ့လောင်မြိုက်နေ တယ်။
သူမခဏလောက်ခြေငြိမ်နေခဲ့ပေမယ့်နောက်ဆုံးသူမကို ထပ်ပြီးအန္တရာယ်ဖြစ်အောင်လုပ်ခဲ့သေးတာပဲ။
ဒီတစ်ခါတော့သူမငြိမ်မနေတော့ဘူး!
ရှန်ကျားရန်ကလူအုပ်ကြားထဲပုန်းအောင်းနေရင်းကဆိုး ယုတ်စွာပြုံးလိုက်သည်။
ကောင်မစုတ်လင်ရှန်း..ငါ့ကိုရိုက်ရဲတယ်လား။ သူမဒီ အနုပညာအသိုင်းအဝိုင်းကလုံးဝလွင့်ထွက်သွားစေရမယ်
ရိုက်ကူးရေးဖွဲ့သားများ..ဝမ်ရှီနဲ့လုတန်အပါဝင်အားလုံးကလင်ရှန်းကိုတရားခံလို့ထင်တယ်။သို့ပေမယ့်သူတို့မှာ.. သက်သေမရှိဘူး။တစ်စုံတစ်ယောက်ကသူမကိုတွေ့လိုက် ပေမယ့်..အဲဒါကသူမအဲဒိ့ထဲကိုဖန်ကွဲစထည့်နေတာကို တွေ့တာတော့မဟုတ်ဘူး။ရေတွင်းထဲမှာရေတွေမရှိတော့ အတွင်းကဖန်ကွဲစတွေကိုသေချာမြင်နေရသည်။
ရဲတွေလည်း ရောက်လာတယ်။ ကုရှန်းက ၎င်းတို့အား ဓာတ်ပုံရိုက်ရန်နှင့် သက်သေများရယူရန်နှင့် ရဲစခန်းတွင် ထွက်ဆိုပေးရန် တောင်းဆိုခဲ့သည်။
ဗွီဒီယိုကိုအင်တာနက်မှာမတင်ပေမယ့်..လော့ရှင်းရဲ့ခြေ ထောက်မှာဖန်ကွဲစစူးနေပုံကိုအင်တာနက်မှာတင်ထားပြီး သွေးများစွာထွက်နေပုံကအလွန်ကြောက်စရာကောင်းနေသည်။
အတင်းအဖျင်း ဖိုရမ်တစ်ခုတွင်အမည်မဖော်လိုသူ.. အင်တာနက်သုံးစွဲသူတစ်ဦးကလော့ရှင်းဒဏ်ရာဓါတ်ပုံကိုတင်ထာပြီးတစ်ဘက်မှာလဲရဲကားပေါ်ကိုတက်သွားတဲ့..
လင်ရှန်းပုံကိုတမင်တကာတင်ခဲ့သည်။
ခဏတွင်းမှာပဲထိုဖိုရမ်မှာလူပေါင်းများစွာပေါက်ကွဲသံတွေ ဆူညံသွားသည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...