မန်ရွှယ်လင်ကတန်ဖိုးကြီးဒီဇိုင်းလက်ရာနဲ့စိတ်ဆွဲကြိုးတစ် ကုံးယူလာသည်။
လုယွီပိုင်ကဆွဲကြိုးကိုထုတ်ကာသူမလည်ပင်းမှာသွားဆွဲ ပေးလိုက်သည်။
ဆွဲကြိုးကိုတစ်ချက်ကြည့်လိုက်တာနဲ့အဲဒါကဒီဇိုင်နာလက် ရာမှန်းတန်းသိနိုင်ပြီးတန်ဖိုးမြင့်မားမယ်ဆိုတာကို လင်ရှန်း နားလည်လိုက်သည်။
"အဲဒါပျက်စီးတာ...ဒါမှမဟုတ်ပျောက်သွားတာဆိုရင်ဘယ် လိုလုပ်မလဲ?"
သူမကမွဲနေတာဘယ်လိုလျော်နိုင်မှာလဲ!
"ငါ ဟော်ချီ ဆီကတောင်းလိုက်မယ်" မန်ရွှယ်လင်ကအေး ဆေးစွာပြန်ဖြေလိုက်သည်။သူမစိတ်ထဲမှာတော့အခုထိအံ့ သြလို့မဆုံးသေးဘူး။
သူမကလှတယ်။သာမန်ထက်ကိုထူးကဲစွာလှတယ်။
ချစ်စရာကောင်းတယ်။စိတ်ဝိဉာဉ်ကိုဖမ်းစားနိုင်တဲ့ချစ်စရာကောင်းမှုတစ်မျိုးရှိတယ်။
ဖြူစင်တယ်။..ပြောပြလို့မရအောင်ကိုဖြူစင်သန့်ရှင်းနေ သလိုပဲ။
ဟော်ချီရဲ့အကြိုက်ကတကယ့်ကိုသာမန်ယောက်ျားတွေ နဲ့မတူဘူးပဲ။
သူဒီရတနာလေးကိုဘယ်ကသွားရှာတွေ့ခဲ့တာလဲ?
သူမကဒီညပွဲမှာအားလုံးရုံးရဲ့အာရုံစိုက်စရာဖြစ်လာမှာ မလွဲဘူး။
သူမပွဲကိုရောက်တာနဲ့ယောက်ျားလေးတွေဘယ်လောက်တောင်သူမရဲ့ဆွဲဆောင်မှုမှာကျရှုံးပြီးစိတ်လွတ်သွားမလဲ ဆိုတာတွေးကြည့်လို့တောင်ရတယ်။
တုချင်းချင်းကပြတင်းပေါက်ပိတ်ထားတဲ့ကားထဲမှာထိုင်နေ တယ်..သူမယာဉ်မောင်းကလင်ရှန်းလာပြီလို့ပြောမှသူမကတစ်ချက်ကြည့်လိုက်သည်။
ကြည့်လိုက်တာနဲ့သူမမျက်ဝန်းတွေကလှပတဲ့ပုံရိပ်တစ်ခု ကိုကြည့်မိသွားပြီးချက်ခြင်းမီးတောက်လိုပြင်းထန်သွား၏
လင်ရှန်းရဲ့ဂါဝန်က.. Dr ရဲ့နောက်ဆုံးပေါ်ဒီဇိုင်း..အဲဒါက လက်ချုပ်ဖြစ်ပြီးဝယ်ယူသူအတွက်အထူးချုပ်လုပ်ပေးတဲ့ ကမ္ဘာပေါ်မှာတစ်ခုထဲသောရှိတဲ့ဒီဇိုင်းဖြစ်ကာမူပိုင်ခွင့်ရ ထားသူကသူမရဲ့အေးဂျင့်မန်ရွှယ်လင်ဖြစ်သည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...