Chapter 93 - U/Z

1.8K 167 1
                                    

"မင်းကိုဘယ်သူမှမပြောထားဘူးဘူးလား..ငါကခြိမ်း ခြောက်ခံရတာကိုမုန်းတယ်ဆိုတာ" ဟော်ချီရဲ့အပြုံးက အေးစက်နေသည်။

ဘာလို့လဲ?အဲဒါအားလုံးအိမ်ကအဲဒိ့ကောင်မစုတ်လေး ကြောင့်..သူမကသူမကိုယ်သူမဘိုးဘေးလိုနေနေတယ်။

သူမကပြဿနာကို သေသေချာချာ မဖြေရှင်းဘဲအကုန် ရှုပ်ကုန်ရင် သူလည်း ဒုက္ခရောက်လိမ့်မယ်။နောက်ပြီး သူ့အဖေကဒေါသထွက်ပြီးသူတို့ကသားအဖပါဆိုတာ ကိုဖော်ထုတ်လိမ့်မယ်။

"ကျွန်မကျော်ကြားချင်တယ်..အထောက်ပံ့တွေရချင်တယ် ကျွန်မခေါင်းဆောင်မင်းသမီးဖြစ်ချင်တယ်။အနုပညာအ သိုင်းဝိုင်းရဲ့အထွဋ်ထိပ်ထိရောက်အောင်တက်ချင်တယ်.. အဲဒါကျွန်မဘာမှားလဲ?" ရှန်ကျားရန် သွေးရူးသွေးတန်း တောင်းဆိုလိုက်တယ်။

သူမဘာအမှားမှမလုပ်ထားဘူး!

အဲဒါသူမအမှားမဟုတ်ဘူး!

သူမကိုယ်သူမဖြစ်ချင်ဇောအရမ်းများသွားရုံပဲ!

"မင်းကအစားကြီးလိုက်တာ..."

ဟော်ချီရဲ့အပြုံးကပိုပိုအေးစက်လာသည်။သူ့ပါးလွှာတဲ့ နှုတ်ခမ်းတွေကဖြေးညှင်းစွာလှုတ်ခတ်သွားပြီး..

"နောက်ပြီး..အရမ်းလဲမိုက်မဲတယ်"

ရှန်ကျားရန်ကအဆိပ်ရှိတဲ့မျက်ဝန်းများနဲ့သူ့ကိုစူးစိုက် ကြည့်လိုက်သည်။

"ကျွန်မမမှားဘူး။ဟော်ချီ..ရှင်ကရှင့်ပါဝါနဲ့တခြားလူကိုအ နိုင်ကျင့်တက်တဲ့သူပဲ။ အဲဒိ့ပါဝါ၊အာဏာတွေကလွဲရင်ရှင့် မှာဘာရှိလဲ?"

"ငါကစောက်ရမ်းချောတယ်"

ဟော်ချီကနူးညံ့စွာပြုံးပြီးသူမကိုလှောင်သလိုကြည့်ကာ..

"ငါရုပ်ဆိုးရင်ဘယ်လိုအနုပညာရှင်ဖြစ်လာမှာလဲ။ငါ့ကိုဒိ့ ထက်ပြသနာမရှာနေနဲ့တော့!"

ဖန်သားပြင်ပေါ်၌ဖြစ်စေ အခမ်းအနားပွဲများတွင်ဖြစ်စေ လိမ္မာပါးနပ်တဲ့သဘောကောင်းပြီးအေးချမ်းတယ်ထင်ရတဲ့ ရုပ်ရှင်ဧကရာဇ်ကြီးဟော်မှာထိုကဲ့သို့ အဆိပ်ပြင်းသော လျှာရှိနိုင်တာကိုသူမတစ်ခါမျှမသိခဲ့ပေ။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now