စမ်းဝတ်ကြည့်လိုက်တော့သူမနဲ့အတော်ကိုလိုက်ဖက်ကာ ကျက်သရေရှိပြီးလှပတဲ့ပုံရိပ်ကိုပုံပြီမြှင့်တင်စေကာရိုးရှင်း လှပအထက်တန်းကျတဲ့ပုံဖြစ်စေသည်။
အရမ်းလှတာပဲ..။
သို့ပေမယ့်..ခဏနေတော့သူမပြသနာတွေ့တော့သည်။
"ခဏပဲစမ်းဝတ်ကြည့်တာ..အနောက်ဘက်ပြဲနေတာကို ဘယ်လိုသိမှာလဲ?"
လင်ရှန်းကသူမဆန့်ကျင်ဘက်မှာရပ်နေတဲ့အရောင်းမိန်းက လေးကိုပြောလိုက်သည်။အနောက်ဘက်ဇာအနားမှာ ပြဲနေတာကိုကြည့်ပီးသူမဒေါသမထိန်းနိုင်လောက်အောင်ပေါက်ကွဲထွက်လာသည်။
"ဒါကိုကျွန်မကစမ်းဝတ်ရင်းပြဲအောင်လုပ်ခဲ့တယ်လို့ရှင်က ပြောချင်တာလား? သေလိုက်လေ..ကျွန်မကရူးနေလို့ လားငနုံမို့လား?"
တမင်လုပ်ဇာတ်ကြီးကို!
လုံးဝလုပ်ကြံထားတာ!
ဆိုင်ထဲဝင်ပြီးကတည်းကထိုမိန်းကလေးကသူမကို ဒီဂါဝန် ကပြီးခဲ့သောလက ဒီဇိုင်းဟောင်းဖြစ်ပြီး လက်ရှိတွင် လျှော့ဈေးဖြင့် ရောင်းချနေသည်ဟု သူမအား တက်ကြွစွာ အကြံပြုခဲ့သည်။
မောက်မာတဲ့အရူးတွေ!တစ်ယောက်ထက်တစ်ယောက်ပို ပြီးကောက်ကျစ်ကြတယ်။တမင်သူမကိုထိုးကျွေးလိုက်တာ
"ဘယ်သူသိမှာလဲ?ကျွန်မရှင့်ကိုပေးလိုက်တုန်းကဒီဂါဝန်ကလုံးဝအကောင်းတိုင်းပဲ။ရှင်အဝတ်လဲခန်းမှာပြဲအောင် လုပ်ခဲ့ပြီးတော့အခုတန်ရာတန်ကြေးတော့မပေးချင်တော့ ဘူးပေါ့..ရှင်ကျွန်မကိုတမင်ဒုက္ခရောက်အောင်လုပ်နေတာ လား?"
အရောင်းမိန်းကလေးကသူမကိုလှောင်ပြောင်တဲ့မျက်ဝန်းနဲ့ ကြည့်လိုက်ပြီး.."ရှင်မတက်နိုင်ရင်အစောကြီးထဲက ဒီလိုဆိုင်မှာလာမဝယ်သင့်ဘူး!"
"သူ့ရဲ့စုတ်စုတ်ပြတ်ပြတ်ပုံကိုတွေ့တာနဲ့သူမတက်နိုင် တာသိသာတယ်..မပေးနိုင်ဘဲလျှောက်ဝတ်ပြီးလျှော်ဆို တော့မလျှော်နိုင်ဘူး..ဘာလို့အရင်ထဲကဒီလိုမိန်းကလေး ကိုဒီဆိုင်ကိုဝင်ခွင့်ပေးခဲ့တာလဲ?"
"ဟုတ်ပါ့..သူမပုံကိုကြည့်..တစ်ကိုယ်လုံးပေါင်းလို့မှဒေါ် လာတစ်ရာလောက်ပဲရှိမယ်..!"
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...