Chapter 38 - U/Z

2K 224 1
                                    

ဒီအမျိုးသမီးမျက်လုံးထဲမှာသူမကအရူးလိုဖြစ်နေလို့လား?

"နင်သိတာငါဝမ်းသာပါတယ်..အဲဒိ့အမြဲစိမ်းဇာတ်ပို့မက.. နင့်ရှေ့မှာတစ်မျိုးကွယ်ရာတစ်မျိုးကျိန်းသေလုပ်မှာ"

မန်ရွှယ်လင်ကစာချုပ်ကိုလင်ရှန်းဆီကမ်းပေးလိုက်ပီး..

"အဲဒိ့မှာအချက်တစ်ခုပြင်ထားတယ်..ကြည့်ကြည့်..."

လင်ရှန်းကစာရွက်ကိုလှန်ပြီးအနီရောင်စာလုံးနေရာကို ဖတ်ကြည့်လိုက်သည်။

"စာချုပ်သက်တမ်းအတွင်း အနုပညာရှင်က အချစ်ရေး ကိစ္စအရှှုပ်ရှင်းမရှိစေရဘူး.."

"နင်ကအရမ်းအသက်ငယ်သေးလို့အဲဒိ့အချက်ကိုထပ် ထည့်လိုက်တာ.. ဖျော်ဖြေရေးလောကမှာလမ်းလွှဲသွားစေ နိုင်မယ့်ဆွဲဆောင်ဖြားယောင်းမှုတွေများလို့နင်တစ်ခုခုရူး ရူးမိုက်မိုက်တွေလုပ်မိမှာစိုးလို့ပါ။အဲဒါနဲ့ပတ်သတ်ပြီးနင့် ဘက်ကကန့်ကွက်စရာမရှိလောက်ဘူးလို့ငါမျှော်လင့်ပါ တယ်!"

မန်ရွှယ်လင်ကလင်ရှန်းနှုတ်ခမ်းတွန့်ပြီးမျက်နှာကဆူပုတ် သွားတာကိုရှင်းလင်းစွာမြင်လိုက်သည်။

ဒါပဲလေ..။

ဒီမိန်းကလေးကသူတို့ရဲ့ နည်းပရိယာယ်ကို ချက်ချင်းမြင် နိုင်လောက်အောင်ထက်မြက်တယ်ဆိုတာ သူမသိတယ်။

မနေ့ကညသန်းခေါင်ကြီးမီဂါစတားဟော်ဟာ သူမကို ဒီအပိုဒ်ထည့်ပေးဖို့ အရေးတကြီးဖုန်းဆက်ခဲ့တယ်။ လင်ရှန်းကိုအဲဒါသူ့အကြံအစည်ဆိုတာကိုမသိစေနဲ့လို့ ပြောပီးသူမဘက်ကပဲလင်ရှန်းကိုတခြားအကြောင်းပြချက်တစ်ခုပေးဖို့ပြောခဲ့တယ်။

လင်ရှန်းကဘာမှအငြင်းမပွါးဘဲစာချုပ်မှာလက်မှတ်ထိုး လိုက်တယ်။

"တခြားကိစ္စရှိသေးလားအစ်မ?"

"မနက်ဖြန်ပွဲမှာနင်နဲ့အတူသွားဖို့ချင်းချင်းကိုငါမှာထား တယ်..မနက်ဖြန်သူမကနင့်ကိုရိုက်ကွင်းကနေလာကြိုလိမ့် မယ်"

အဲဒိ့နောက် မန်ရွှယ်လင်ကမနက်ဖြန်ပွဲမှာလင်ရှန်းဘက်က ဆောင်ရမယ့်ရှောင်ရမယ့်ကိစ္စတွေကိုညွှန်ကြားခဲ့တယ်။ သူမပြောရင်းစိတ်အနည်းငယ်မောမိတယ်..သူမကအလုပ် ခရီးထွက်ဖို့ရှိတာမို့မနက်ဖြန်ကိုအဖော်မလိုက်ပေးနိုင်ဘူး တုချင်းချင်းလဲအဲဒိ့မှာရှိနေမှာမို့သူမသိပ်စိတ်ပူမိတာတော့ မရှိဘူး။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now