Chapter 71 - U/Z

1.6K 177 1
                                    

ရုပ်ရှင်အဖွဲ့သားတွေက အထိတ်တလန့်နဲ့ သူမနားမှာ ပျားတွေလို ဝိုင်းထားကြပါတယ်။

လော့ရှင်းကနာကျင်မှုကိုအံကြိတ်ထားရင်းကုရှန်းခုန်ဆင်းလာတော့မလိုလုပ်နေတာကိုကြည့်ပြီးအော်လိုက်သည်။

"ကုရှန်း..မဆင်းလာနဲ့..အောက်မှာဖန်ကွဲစတွေရှိတယ်!"

ကုရှန်းအမူအရာကပြောင်းလဲသွားကာ တွေးတောမနေဘဲ ခုန်ဆင်းလိုက်ပြီးနာကျင်နေတဲ့နှလုံးသားနဲ့သူမကိုချီပွေ့ လိုက်သည်။

လော့ရှင်းကမိုးပြာရောင်ပိတ်ဖိနပ်ကိုဝတ်ထားပြီး..အခုချိန် မှာသူမဖိနပ်အောက်ကသွေးစိမ်းများစီးကျနေပြီးရေတွေနဲ့ အတူမြေပြင်ပေါ်စီးကျနေသည်။

ပိတ်ဖိနပ်ရဲ့အောက်မှာဖန်ကွဲစအနည်းငယ်ကိုတွေ့နေရ၏

ကုရှန်းရဲ့ချောမောတဲ့မျက်နှာကမည်းမှောင်နေသော်လည်း လော့ရှင်းဖိနပ်ကို မချွတ်ရဲပေ။သူကနူးညံ့သိမ်မွေ့သော လေသံဖြင့် "မကြောက်ပါနဲ့။ ဆရာဝန်မကြာခင်ရောက်လာ လိမ့်မယ်"

သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်း လော့ရှင်းမျက်လုံး များ နီရဲလာသည်။သူမကခေါင်းကို တင်းတင်း ငုံ့ထားရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

လင်ရှန်းကထိုမှန်ကွဲစများကိုမြင်တော့ချက်ခြင်းတုံ့ပြန်သ လိုဖြစ်သွားပြီးသူမမျက်ဝန်းများကအေးစက်သွားသည်။

ရှန်ကျားရန်..ဦးနှောက်မရှိတဲ့မိန်းမ။

သူမကလွန်ခဲ့တဲ့ရက်အနည်းငယ်ကတိတ်ဆိတ်စွာနေခဲ့ သည်။ သူမကဒီရက်ကိုစောင့်နေတာနေမယ်!

ဒါရိုက်တာဝမ်ရှီမျက်နှာကနီမြန်းနေပြီးသူကတူးထားတဲ့ ကျင်းကိုလက်ညိုးထိုးကာ.."ရေတွေထုတ်လိုက်.."

ဒါ..ဘယ်သူလုပ်တာလဲ?

လုပ်တဲ့လူကတကယ့်မကောင်းဆိုးဝါးစိတ်ဓါတ်ရှိလို့ပဲ!

လော့ရှင်းဒီနေ့ဒီမှာရိုက်ကူးမှာကိုသိပြီးတမင်ဒီထဲကိုဖန်ကွဲစတွေလာထည့်ထာတာဖြစ်နိုင်တယ်။

လက်ထောက်ဒါရိုက်တာလုတန်နဲ့ဇာတ်ညွှန်းရေးဆရာ ချန်ရှီကလော့ရှင်းအခြေအနေကိုလေ့လာကြည့်လိုက်၏ ဒဏ်ရာကနဲနဲများကာစိုးရိမ်စရာကောင်းနေသလိုပဲ။

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now