လင်ရှန်းကဆက်တိုက်ဖိနှိပ်လိုက်သည်။သူမစကားများကထိုမိန်းမကို နာကျင်စေသော ရည်ရွယ်ချက်များအထူး ပါဝင်သည်။
ရှန်ကျားရန်ကငယ်သေးပေမယ့်သူမကအိုတဲ့ပုံပေါက်လို့ ပြောခံရမှာကိုအသေကြောက်သူဖြစ်သည်။
အနုပညာအသိုင်းအဝိုင်းတွင်လေးနှစ်ကြာခဲ့ပေမယ့်သူမကပရိတ်သတ်အများကြီးမရှိသလို၊လူကြိုက်များတဲ့မင်းသမီးလဲမဖြစ်လာဘူး။ခေါင်းဆောင်မင်းသမီးနေရာတစ်ခါမှမပါ ခဲ့ရဘူး။ သူမရဲ့ ညံ့ဖျင်းတဲ့ သရုပ်ဆောင်မှုတွေကြောင့် ဝေဖန်ခံရမှာကို အကြောက်ဆုံးပါပဲ။
ဒီအချိန်မှာသူမက လင်ရှန်းကို အလွန်ဒေါသထွက်နေကာ မူးလဲလုနီးပါးဖြစ်ခဲ့သည်။ ထို့နောက် သူကလင်ရှန်းကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်ကာထိုနေရာကထွက်သွား လိုက်သည်။
လင်ရှန်းကသူမလက်ကိုပြန်ဆွဲကာလက်ကိုမြှောက်ကာ ပါးရိုက်လိုက်သည်။
ထိုမိန်းမရဲ့ယောင်ယမ်းသွာတဲ့မျက်နှာကိုကြည့်ပြီးသူမနှုတ် ခမ်းတွေကလှောင်ပြုံးပြုံးလိုက်ပီး"အဲဒါ..နင်င့ါနောက်လိုက်လာလို့.."
"လင်ရှန်း!" ရှန်ကျားရန်ကဒေါသထွက်သွားပြီးသူမကိုတိုး တိုက်ဖို့လှုပ်ရှားလိုက်တော့လင်ရှန်းကနောက်လက်တစ် ဘက်နဲ့သူမလက်ကိုဆွဲလိုက်ကာနောက်ပါးတစ်ဘက်ကို ထပ်ရိုက်လိုက်သည်။
"အဲဒါ..နင်..င့ါကိုခြိမ်းခြောက်လို့..."
"နင်..." ရှန်ကျားရန်ကအံကြိတ်ရင်းသတ်ချင်နေသလိုဒေါ သနဲ့လင်ရှန်းဆီကိုပြေးဝင်လာသည်။ လင်ရှန်းကတကယ် စိတ်တိုနေတယ်။ဟော်ချီကဒီကိစ္စနဲ့သူမကိုဘယ်လောက် တောင်လက်ချာတွေရိုက်မလဲဆိုတာဘယ်သူသိမှာလဲ။
သူမရဲ့ဒေါသကိုဖြေဖျောက်ရမယ်။
သူမကထိုအမျိုးသမီးဆံပင်ကိုဆွဲကာကြမ်းပြင်ပေါ်ကိုဖိ ကပ်ထားလိုက်သည်။
ရှန်ကျားရန်ကအော်ဟစ်ပြီးလွတ်မြောက်ဖို့..အစွမ်းကုန် ကြိုးစားသော်လည်းမရခဲ့ပေ။
သူမရဲ့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကြေမွသွားသလိုပဲ၊ အရမ်းနာကျင်စေသည်။
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
Ficción GeneralBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...