အကယ်၍ သူမက ဒီကွန်ဒိုမှာ နေဖို့တတ်နိုင်ရင် ဘယ်လို ချို့တဲ့နိုင်မလဲ။သူမကတခြားဘာရည်ရွယ်ချက်နဲ့တတိယ သခင်နားကိုရောက်လာတာလဲ။
လင်ရှန်းကတံခါးကိုအသာအယာဖွင့်ကာအတက်နိုင်ဆုံး တိတ်ဆိတ်စွာအခန်းထဲဝင်လိုက်သည်။
ဧည့်ခန်းက မှောင်ပြီး ဗလာကျင်းနေပြီးသန်းခေါင်အချိန်မို့ အလွန်တိတ်ဆိတ်နေ၏။
သူူမကမီးမဖွင့်ရဲတာမို့ခပ်ပျော့ပျော့ညအိပ်မီးရောင်တွေနဲမီးဖိုချောင်ကိုလျှောက်သွားကာ ရေခဲသေတ္တာကိုဖွင့်ပြီး ကိတ်မုန့်ထည့်ကာလှည့်ကြည့်လိုက်တော့သူမနောက်က တိတ်တဆိတ်ပေါ်လာတဲ့လူကိုတွေ့လိုက်ပြီးကြောက်လန့်တကြားအော်လိုက်မိတော့မလိုဖြစ်ပြီးမှပါးစပ်ကိုလက်နဲ့အသည်းအသန်ပိတ်ပြီးအရမ်းလန့်သွားတဲ့နှလုံးခုန်သံတွေကိုအတက်နိုင်ဆုံးထိန်းကာ..
"အဖေ..ဘာလုပ်နေတာလဲ?"
လူတွေကိုသေစေနိုင်တာလူတွေပဲဖြစ်မည်!
"နင်အိမ်ပြန်လာဖို့သိသေးတာလား!"
ဟော်ချီကအေးစက်စက်ရယ်သံနဲ့မေးလိုက်သည်။သူက ရေသောက်မယ်ဆိုတဲ့ပုံစံထွက်လာပေမယ့်တကယ်က.. နောက်ကျတာကိုအသိမပေးဘဲနေတဲ့သူမကိုဆူပူဖို့လာ တာဖြစ်သည်။သူကအံကြိတ်ရင်းသွားကြားထဲကလေသံနဲ့
"ဘယ်သွားအလေလိုက်နေတာလဲ?"
"သမီးတို့တစ်ယောက်ကိုယ်ရေးကိုယ်တာကိုတစ်ယောက် ဝင်မစွပ်ဖက်ဖို့သဘောတူထားပြီးသားမဟုတ်လား"
လင်ရှန်းကအရမ်းစိတ်ထားသေးသိမ်တဲ့အဖေကသူထုတ် ထားတဲ့စည်းကမ်းကိုသူ့ဘာသာလိုက်နာဖို့လိုတာကိုသတိပေးသလိုပြောလိုက်သည်။
"ဒီအဖိုးကြီးကနင့်ကိစ္စကိုဂရုစိုက်နေတယ်လို့ဘယ်သူ ပြောလဲ?" ဟော်ချီကဒေါသနဲ့ရင်ဘတ်ကနိမ့်ချည်မြင့်ချည် ဖြစ်တဲ့အထိတရှူးရှူးဖြစ်သွားပီးအမြန်ထပ်ပြောလိုက်၏
"ငါကရှောင်းချီအတွက်မေးပေးတာ..သူ့အမေကသူ့အ တွက်ပထွေးများလိုက်ရှာပေးနေတာလားလို့!"
"ပထွေးရှာလဲအဲဒါကဘာထူးဆန်းလို့လဲ..ဘာပဲဖြစ်ဖြစ် သမီးကငယ်ရွယ်နုပျိုလှပတုန်းပဲမဟုတ်လား..ဘာလို့တစ် သက်လုံးမုဆိုးမလိုနေသွားရမှာလဲ"
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...