Chapter 21 - U/Z

2.1K 227 1
                                    

ဝမ်ရှီကစိတ်ကျေနပ်မှုလွန်ကဲပြီးသူ့မျက်နှာတွင်အပြုံးကြီး ကြီးတစ်ခုရှိနေသည်။မီဂါစတားဟော်ကဒီမင်းသမီးအား သူ့ဆီပို့လိုက်တာကကောင်းကင်ဘုံမှနတ်သမီးတစ်ပါး စေလွှတ်လိုက်သလိုပဲ။သူမကတကယ်ထူးခြားတယ်။ ဝမ်ရှီ ပါးစပ်ကိုမပိတ်နိုင်ဘဲ ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက် သည်။

"ကောင်းတယ်, အရမ်းကောင်းတယ်!"

လင်ရှန်းရဲ့ဒီလိုသရုပ်ဆောင်စွမ်းရည်နဲ့..ဇာတ်ညွှန်းဇာတ် လမ်းကောင်းတစ်ခုသာရခဲ့ရင်အချိန်တစ်ခုကြာတာနဲ့သူမကသရုပ်ဆောင်ထူးချွန်ဆုတစ်ခုခုရနိုင်သည်။

သူကဒီကားမှာသူမကိုပါဝင်ခွင့်ပေးခဲ့တဲ့သူ့အမျှော်အမြင်ကိုပြန်သဘောကျမိသည်။အနာဂတ်တွင်သူမကထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးနှင့်တွီဗွီ၊ရုပ်ရှင်ဖန်သားပြင်ပေါ်ကနတ်ဘုရားမတစ်ဦးဖြစ်လာမည်ဖြစ်ပြီး သူမရဲ့ပွဲဦးထွက် ကားက..အခုသူရိုက်တဲ့ဒီကားကလွဲရင် ဘာမှဖြစ်လာမှာမ ဟုတ်ဘူး။အဲဒိ့အခါကျရင်လူတွေကသူ့ကိုထူးခြားတဲ့ပါရမီ ရှင်ကိုကြည့်တကတယ်လို့ချီးကျူးကြမှာမလွဲပေ။ အဲဒါက စိတ်ကူးမိရင်တောင်အတော်စိတ်ကျေနပ်ဖို့ကောင်းနေပြီ။

လင်ရှန်းကသူမစိတ်ကိုရုတ်သိမ်းပြီးပြုံးပြလိုက်သည်။သူမကဒါရိုက်တာဘေးကဟော်ချီကိုတွေ့တော့မျက်နှာက တွန့်လိမ်သွားပီး..နှုတ်ဆက်ခြင်းမပြုဘဲ..ဝမ်ရှီကိုသာ..

"ဒါရိုက်တာကြီး..ကျွန်မမိတ်ကပ်သွားပြင်လိုက်အုန်းမယ်"

ဝမ်ရှီကအဲဒိ့တော့မှသူ့ဘေးကဟော်ချီကိုသတိပြုမိလိုက် ပြီးနှာခေါင်းနဲ့မျက်လုံးပျောက်တဲ့အထိအပြုံးကြီးကြီးပြုံး ကာ "မင်းဇာတ်ဝင်ခန်းကနေ့လည်မှလေ..ဘယ်လိုလုပ် အစောာကီးရောက်လာတာလဲ?"

ဟော်ချီကသူ့ကိုလင်ရှန်းကအသိအမှတ်မပြုဘဲသူ့နားက ခပ်တန်းတန်းဖြတ်သွားတာမြင်ပေမယ့်သူ့မျက်နှာ အမူ အယာကဘာမှမပြောင်းလဲဘဲ

"ရိုက်ကူးရေးနေရာ နဲ့ရင်းနှီးဖို့ စောစောလာခဲ့တာ"

သမီးတစ်ယောာက်ရှိတာဘာစောက်သုံးလို့ရလဲ!

ရန်သူကငါ့သားမက်ဖြစ်လာတယ်Where stories live. Discover now