unicode
လင်ရှန်းကကုရှန်းဦးလေးကိုသိထားပီးသား။သူမအရင် ဘဝကလက်ထောက်အကြိုက်ဆုံးဇာတ်ပို့ကမင်းသားရဲ့ ဦးလေးဖြစ်ပီးသူ့ရဲ့ထူးချွန်မှုနဲ့ရက်စက်ကြမ်းကြုတ်မှုမှာ နာမည်ကြီးသူဖြစ်သည်။
ထိုလူက"တတိယသခင်ကျွင်း" လို့လူအများကခေါ်ဝေါ် ကြပြီး သူ့ကိုဟေဒီး(စ်)လို့တင်စားပုံဖော်တက်ကြတယ်။ အရုပ်ဆိုးသောအသွင်အပြင်နှင့် ကောက်ကျစ်သောကိုယ် ရည်ကိုယ်သွေးရှိခြင်းတို့ရှိသည်။သူကကိစ္စသေးသေးလေး ကိုတောင်ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် လက်စားချေလိုသော စိတ်ကျဉ်းမြောင်းသူဟုလည်း လူသိများသည်။
ထို့အပြင် သူသည် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူဖြစ်ပြီး မည်သည့်လိင်ဆက်ဆံမှုတွင်မျှ မပါဝင်နိုင်သည့်အပြင်၊ အရေးကြီးဆုံးအချက်မှာ စာအုပ်ထဲတွင် "တတိယသခင် ကျွင်း" ဇာတ်ကောင်သည် နှစ်နှစ်အတွင်း သေဆုံးသွား ခြင်းပင်ဖြစ်သည်။
"သူကလူကြီးလူကောင်းအတုအယောင်..တကယ့်ကြောင်သူတော်ကောင်.."
ဟော်ချီကအံကြိတ်ရင်းလင်ရှန်းကို ပြင်းပြင်းထန်ထန်ထပ် သတိပေးလိုက်သည်။
"ကုရှန်းနဲ့ ပတ်သက်ရဲပတ်သတ်ကြည့်ငါနင့် ခြေထောက် တွေကို ချိုးပစ်မယ်"
"စိတ်မပူနဲ့..သမီးကျိန်ရဲတယ်.. ကုရှန်းနဲ့ဘယ်တော့မှ ပတ်သတ်မှာမဟုတ်ဘူး.."
လင်ရှန်းကသူမစိတ်ထဲမှာဆက်ဖြည့်ပြောလိုက်သည်။
**သူ့ဆီကပုန်းနေဖို့တောင်မစောင့်နိုင်တော့ဘူး**
အမြှောက်စာမကောင်းဆိုးဝါးဇာတ်ပို့တစ်ယောက်ဖြစ်တဲ့ သူမကအရှိန်အဝါအပြည့်နဲ့ဇာတ်လိုက်နဲ့ဇတ်လိုက်မကို ဘယ်လိုရန်သွားစရဲပ့ါမလဲ။
"နင်ကောင်းကောင်းလုပ်နိုင်ရင်..တခြားအထောက်ပ့ံ ကောင်းတွေထပ်ရမယ်"
လွန်ခဲ့တဲ့ရက်သတ္တပတ်ကသူမပြောင်းလဲသွားပြီးကောင်း မွန်စွာစွမ်းဆောင်နေတယ်လို့ခံစားမိသော်လည်းအဲဒါက နှင်ထုတ်ခံရမည်ကို ကြောက်လို့ဟန်ဆောင်နေခြင်းလား မသေချာပါ။
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...