unicode
လင်ရှန်းကကုန်စုံပစ္စည်း၊သူမအတွက်လိုအပ်တဲ့နေ့စဉ် အသုံးအဆောင်၊ ရှမ်ပူ၊ ရေချိုးဆပ်ပြာ၊ မိတ်ကပ်..သူမ အရင်ကအမြဲသုံးနေကျ ကုန်တံဆိပ်တွေကိုပဲရွေးဝယ် လိုက်သည်။
မူလလင်ရှန်းကဟော်ချီပစ္စည်းတွေကိုပြောင်ပြောင်တင်း တင်း အရှက်မဲ့စွာသုံးနေပေမယ့်သူမကတော့မသုံးချင်ပါ။ အထူးသဖြင့်ထိုထုတ်ကုန်များကအမျိုးသားများ အတွက် သီးသန့်ဖြစ်သောကြောင့်အဲဒါတွေကိုယူသုံးဖို့လဲမသင့် တော်ဘူး။
ထို့အပြင် သူမကကလေးများအတွက် အဆင်ပြေသော ထုတ်ကုန်များနှင့် လင်ရှောင်းချီအတွက်ညအိပ်ဝတ်စုံဝယ် ခဲ့သည်။ ထိုဝတ်စုံမှာမိကျောင်းများကို ရိုက်နှိပ်ထားပြီး အလွန်ချစ်စရာကောင်းသည်။
ဒီစျေးဝယ်ထွက်ပြီးမှသာ လင်ရှန်းက သူမဘယ်လောက် မွဲကြောင်း နားလည်ခဲ့ပြီး မူလလင်ရှန်းက ဘာကြောင့် ထွက်သွားဖို့ ငြင်းဆိုလဲဆိုတာ နားလည်သွားပါတယ်။
သူမ၏ ဘဏ်အကောင့်ထဲတွင် ယွမ် ၅၀၀ အောက်သာ ကျန်တော့သည်။
ဟော်ချီကသူမနေထိုင်စရိတ်အတွက် ယွမ် ၂၀၀၀၀ ကို လွန်ခဲ့သော တစ်လခွဲခန့်က ပေးခဲ့ပြီးဖြစ်သော်လည်း မူလလင်ရှန်းက 'ရက်ရောတယ်' ဆိုတဲ့ခေါင်းစဉ်နဲ့ ရုပ်ရှင်အဖွဲ့သားများအတွက်သုံးခဲ့သည်။
နေ့တိုင်းလင်ရှန်းကရိုက်ကူးရေးအဖွဲ့သားများအတွက် ဖျော်ရည်၊သစ်သီး၊ နို့လက်ဖက်ရည်..တစ်ခါတစ်လေ လက်ဆောင်အချို့ပေးတက်တယ်။ဒါ့ကြောင့်အဲဒိ့ပိုက်ဆံ ဘယ်လောက်များပါစေကုန်သွားတယ်။
လင်ရှန်းကဟင်းချက်ပြီးတော့ပန်းကန်များကို စားပွဲပေါ် ယူလာသည်။ ရှောင်းချီကလည်းကူညီပေးခဲ့သည်။
တံခါးပွင့်လာပီးဟော်ချီကအထဲဝင်လာသည်။
သူ့မျက်နှာကို မျက်နှာဖုံးနဲ့ နေကာမျက်မှန်တွေ ဖုံးထားပေ မဲ့မြင့်မြတ်ကျက်သရေရှိတဲ့ လေထုကို ဖုံးကွယ်မထားနိုင် ပေ။သူကသန့်ရှင်းသပ်ရပ်တဲ့ တိုက်ခန်းကို လှည့်ပတ် ကြည့်ရင်း စားပွဲပေါ်က ဟင်းပူပူကိုလဲကြည့်ကာ အနည်း ငယ် ထိတ်လန့်သွားသည်။
![](https://img.wattpad.com/cover/307213848-288-k357079.jpg)
YOU ARE READING
ရန်သူကငါ့သားမက်ဖြစ်လာတယ်
General FictionBook Name :Transmigrating: I Married the Male Protagonist's Uncle Author(s) Tian Qiqi 甜七柒 ** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.I...